စရန်ငွေ ကြိုသွင်းပြီး မှာထားတဲ့ ကားတွေကို မအပ်နိုင်တော့ဟု ဆူဇူကီးကုမ္ပဏီ ကြေညာ

စကစရဲ့ ဒေါ်လာငွေ ကန့်သတ်ခြင်းမူဝါဒတွေကြောင့် ကားထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဆူဇူကီး မြန်မာကုမ္ပဏီက ယနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

ဆူဇူကီး မြန်မာကုမ္ပဏီရဲ့ ကြေညာချက်မှ ကောက်နုတ်ချက် တချို့ကို ဖော်ပြလိုက်ပါတယ်- ” ဆူဇူကီး အနေဖြင့် Customer များ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေပါသည်။

ထို့ကြောင့် ဆူဇူကီး (မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီ လီမိတက်နှင့် ဆူဇူကီး သီလဝါ မော်တော်ယာဉ် ကုမ္ပဏီလီမိတက်တို့၏ ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရပါသည်။ သို့ဖြစ်ပါ၍ အရောင်းပြခန်းများတွင် Customer များက စာရင်းသွင်းမှာယူထားသည့် ကားများကို လွှဲအပ်ရန်မှာ ကြန့်ကြာနေရပါသည်။ ကားအပ်နိုင်မည့် အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်း မရှိသည့်အတွက်လည်း ဆူဇူကီး အနေဖြင့် အနူးအညွှတ်တောင်းပန်အပ်ပါသည်။”

ဆူဇူကီး ကုမ္ပဏီရဲ့ ကြေညာချက်အရ ကြိုတင်ငွေပေးထားပြီး မှာယူထားတဲ့ ကားတွေကို ဝယ်သူလက်ထဲ အပ်နိုင်မယ့် အခြေအနေ မရှိသေးကြောင်း တွေ့ရပါတယ်။ စရန်ပေးထားတဲ့ ကားတွေနဲ့ ပတ်သက်ပြီး ဆူဇူကီး showroom ပိုင်ရှင် ကိုကြည်သာဟန်ရဲ့ ဖြေကြားချက်ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်-

မေးခွန်း – Carry Pro အတွက် စရန် သိန်း ၅၀ ချထားတဲ့သူတွေအတွက် ဘယ်လိုစီစဉ်ပေးဖို့ရှိပါသလဲရှင့်။ အဖြေ – အော်ဒါတင်ထားတဲ့စာရွက်ထဲမှာကိုက စက်ရုံပိုင်းကထုတ်လုပ်မှုရပ်နားခဲ့ရင် (သို့မဟုတ်) အော်ဒါတင်ထားသောကားများ သတ်မှတ်အချိန်အထိမပေးနိုင်ခဲ့ရင် မူလပေးထားသောစရံငွေအတိုင်းဝယ်ယူထံသို့ ပြန်လည်ပေးအပ်မည်ကို ဝယ်ယူသူမှသဘောတူလက်ခံပါသည် ဆိုတာပါပြီးသားဖြစ်တဲ့အတွက် အဲ့သဘောတူညီချက်အတိုင်း ဆောင်ရွက်ပေးသွားမှာပါဗျ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page