လူတိုင်း မသိကြသေးတဲ့ ရွှေဆိုင်တွေ လည်ပတ်ပုံနဲ့ အကျိုးအမြတ် ရပုံ နည်းလမ်းများ

ရွှေဆိုင်တွေ ဘယ်လိုလည်ပတ်သလဲ၊ ရွှေဆိုင်တွေက ရွှေနဲ့ပဲလည်ပတ်ပါတယ်။ ငွေနဲ့မလည်ပတ်ပါဘူး။ ရွှေဆိုင်တစ်ဆိုင်မှာ အရင်း လည်ပတ်ရွှေ ၁ ပိသာရှိတယ်ဆိုပါစို့ သူက ဒီတစ်ပိသာပေါ်မှာအခြေခံပြီးပဲလည်ပါတယ်။

ရွှေ ၁ ကျပ်သား ၅ သိန်းပဲဖြစ်ဖြစ် သိန်း ၅၀ ပဲဖြစ်ဖြစ် သူတို့စိတ်မဝင်စားပါဘူး။ အဓိက သူ့မှာရွှေ ၁ ပိသာ အမြဲရှိနေဖို့ပါပဲ။ တစ်နှစ်ကုန်စာရင်းချုပ်လို့ ဆိုင်မှာ ၂ ပိသာဖြစ်လာတယ်ဆို သူ ၁ ပိသာမြတ်တာပေါ့ဗျာ။

၈၀ သားပဲရှိတော့တယ်ဆို သူ ၂၀ သားရှုံးတာပေါ့။ တခြားလုပ်ငန်းတွေလဲ ဒီသဘောနဲ့လည်ပတ်ရင် ဘာဈေးတွေဘယ်လိုတက်တက် ရှုံးတယ်ဆိုတာမရှိနိုင်ပါဘူး။

ဥပမာ ကားဝယ်ရောင်းဆိုပါစို့ဗျာ။ ဟိုက်ဂျက် တစ်စီး သိန်း ၁၀၀ တုန်းက ၅ စီး အရောင်းအဝယ်လုပ်နိုင်တဲ့သူက ဟိုက်ဂျက်တစ်စီး သိန်း ၃၀၀ မှာလဲ ၅ စီးအရောင်းအဝယ်လုပ်နိုင်တုန်းဆိုသူ အရင်းပါပဲ။

၄ စီးပဲလုပ်နိုင်တော့ရင် သူ ၁ စီးရှုံးပါတယ်။ ၆ စီးဖြစ်လာတယ်ဆို သူ ၁ စီးမြတ်ပါတယ်။ ရွှေ ၁ ပိသာကနေ ၂ ပိသာဖြစ်အောင် ကား ၅ စီးကနေ ၁၀စီးဖြစ်အောင် လုပ်ဖို့ကတော့ အရောင်းအဝယ်ပညာပေါ့ခင်ဗျာ။ မိတ်ဆွေတို့ အခု ဘယ်လိုလဲ၊ (PyiSoeOo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page