တရားအားမထုတ်ခင် ပိုင်ဆိုင်သမျှ ရတနာပစ္စည်းပေါင်း သိန်းရာချီကို အကုန် လှူဒါန်းခဲ့တဲ့ အဖွား

သဘာ၀တရားရိပ်သာရှိ ယာကျော်တရားဆေးရုံကို အသက် ၇၂ နှစ် အဖွား ဒေါ်သင်းသင်းကြူက တရားအားထုတ်ရန် ဇန်နဝါရီလ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။

တရားအားမထုတ်ခင် ရတနာပစ္စည်းများနဲ့ ဝတ္တူငွေ စုစုပေါင်း တန်ဖိုး သိန်းရာနဲ့ချီရှိတဲ့ ပမာဏကို သဘာ၀တရားရိပ်သာဆရာတော် ထံသို့လှူဒါန်းသွားပါကြောင်း သိရှိရပါတယ်။

အဖွားအနေနဲ့ ပစ္စည်းဥစ္စာအပေါ် စွဲမက်တွယ်ကပ်လိုစိတ်ကို ဖယ်ရှားတဲ့အနေနဲ့ စိတ်ပြတ်ပြတ်သားသားဖြင့် မိမိ ပိုင်ဆိုင်သမျှ ဥစ္စာဓန အားလုံးကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။

အဖွားအနေနဲ့ သဘာဝတရားရိပ်သာမှာပဲ တသက်လုံး ယောဂီအဖြစ်နဲ့ တရားအားထုတ်သွားမယ်လို့ သိရပါတယ်။

အလှူအတန်းမှာ စိတ်ပြတ်သားလွန်းတဲ့ အဖွားကို လေးစားအားကျစိတ်နဲ့ သာဓုအနုမောဒနာ အကြိမ်ကြိမ် ခေါ်လိုက်ရပါတယ်ဗျာ။

PwintHlaingNi

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page