တချိန်က ကမ္ဘာ့အလယ်မှာ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တဲ့ စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံများ
ငွေကြေးဈေးကွက်တွေ ပြိုဆင်းနေချိန် မြန်မာနိုင်ငံရဲ့ရွှေခေတ်လို့တင်စားခဲ့တုန်းက ကျပ်ငွေတွေကို သတိရအောင်လို့ပါ။ လူ ၂ ယောက်ဆိုင်းထိုးထားတဲ့ မောင်ကောင်းပိုက်ဆံ (၁၉၅၂)နဲ့ စံလင်းပိုက်ဆံ (၁၉၅၈) တို့ရဲ့ ပုံတွေပါ။
အံ့ဩစရာက သူတို့ ၂ ယောက်ရဲ့ ရာထူး စံလင်းက အုပ်ချုပ်ရေးမှူး၊ မောင်ကောင်းက ဥက္ကဌ၊ ကွာခြားချက်က စံလင်းပိုက်ဆံက ဗိုလ်ချုပ်ရုပ်၊ မောင်ကောင်းပိုက်ဆံက ဆင်ရုပ်နဲ့ ခြင်္သေ့ရုပ်။ ရှေးလူကြီးတွေ ပြောကြတာ စံလင်းပိုက်ဆံက ရွှေအပေါင်ထားတာ။ အရမ်းကိုခိုင်မာတယ်။
အိန္ဒိယက သင်္ဘောသားတယောက် ပြောဘူးတာက တချိန်က မင်းတို့ဗမာပိုက်ဆံ ကြိုက်တဲ့နိုင်ငံမှာလဲလို့ ရခဲ့တယ်။ ငါတို့ အိန္ဒိယရူပီးတောင် မင်းတို့ပိုက်ဆံလောက် မမာခဲ့ဘူး။
အမှတ်မမှားရင် ၁၉၆၄ မေလ ၁၇ ရက်ည ၇နာရီမှာ အာဏာရှင်နေဝင်းက ဒီပိုက်ဆံတွေကို တရားမဝင် သတ်မှတ်လိုက်တယ်။ မြန်မာပြည်ရဲ့ကျဆုံးခြင်းအစက အဲဒီက စခဲ့တယ်လို့ ပြောရမှာဘဲ။
ရှေးဟောင်းပိုက်ဆံဈေးကွက်မှာ မောင်ကောင်းက ဈေးပိုရ။ သုံးသိန်းအထိ ခေါ်လို့ရတယ်လို့ ပိုစ်တခုမှာတွေ့ရပါတယ်။။ စံလင်းပိုက်ဆံကတော့ တသိန်းဝန်းကျင်မှာ ဈေးပေါက်တယ်လို့ သိရပါတယ်။ တချိန်က မာကျောလွန်းတဲ့ မြန်မာငွေ အခုအချိန်မှာတော့ ရေစုန်နစ်ခဲ့ရတဲ့ အဓိက တရားခံကတော့ အာဏာရှင်တွေပါဘဲ။ (ကျော်လှ)