ကမ္ဘာ့ငွေကြေးဖောင်းပွမှု အမြင့်ဆုံး (၅) နိုင်ငံထဲတွင် မြန်မာ ပါဝင်လာ (အဘကြောင့် ကမ္ဘာကျော်ပါပြီ)

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှုန်းထားဟာ ၁၂၇ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး (၅) နိုင်ငံထဲကို ပါဝင်သွားပြီးလို့ သိရပါတယ်။ အဆိုပါ စစ်တမ်းကို အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဟန့်ခ်က ပြုစုခဲ့တာ ဖြစ်ပြီး နှစ်စဉ် ထုတ်ပြန်လေ့ ရှိတာ ဖြစ်ပါတယ်။

ကမ္ဘာ့ငွေကြေး အဖောင်းပွဆုံးနိုင်ငံဇယားရဲ့ ထိပ်ဆုံးမှာတော့ အာဖရိကတိုက် ဇင်ဘာဘွေ နိုင်ငံက ငွေကြေးဖောင်းပွမှု ၄၇၇ ရာခိုင်နှုန်းနဲ့ တည်ရှိနေပါတယ်။ အဲဒီနောက်မှာ ကျူးဘားနိုင်ငံက ၁၅၈ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လက်ဘနွန် နိုင်ငံက ၁၃၆ ရာခိုင်နှုန်းနဲ့ တတိယ၊ တူရကီနိုင်ငံက ၁၃၄ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ အသီးသီး ရှိနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှုန်းဟာ ဒေဝါလီခံသွားရတဲ့ သီရိလင်္ကာနိုင်ငံထက် ၂၁ ရာခိုင်နှုန်းခန့် ပိုမိုနေတာကို ထူးဆန်းစွာ တွေ့ရှိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားခဲ့ရတဲ့နောက် ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ စီးပွားရေးအဖွဲ့များက မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေး အလားအလာကို မှန်းဆလို့ မရနိုင်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုး အလွန်အမင်း လျော့ကျလာမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းထားတွေလည်း နှစ်ဆကျော် တိုးတက်လာကာ အာဏာသိမ်းပြီး တနှစ်ခွဲ ကြာမြင့်ချိန်မှာပင် ကမ္ဘာ့ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ၅ နိုင်ငံစာရင်းအတွင်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝင်ငွေလျော့ကျလာခင်း စတဲ့ အချက်တွေကြောင့် ပြည်သူများအနေနဲ့ အခက်အခဲ အကျပ်အတည်းများ အများအပြား ရင်ဆိုင်တွေ့ရလျက် ရှိပြီး ဒုစရိုက်မှုများလည်း ပေါများလာကာ မြန်မာနိုင်ငံအနေနဲ့ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်များက သုံးသပ်ခန့်မှန်း နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page