မင်္ဂလာဆောင်မယ်ဆို သိထားသင့်တဲ့ မြန်မာ့ရိုးရာ အိမ်ထောင်မိတ်၊ အိမ်ထောင်ရန် တွက်ချက်နည်း

အိမ်ထောင်ပြုမယ့်သူတိုင်း သိထားသင့်တဲ့ မြန်မာ့ရိုးရာ အိမ်ထောင်မိတ် ရွေးချယ် တွက်ချက်နည်း

အိမ်ထောင်မိတ် – ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ၊ ဦး-သာ = တနင်္ဂနွေနှင့် သောကြာ၊ စိန်-ပန်း = အင်္ဂါနှင့် ကြာသပတေး၊ ဒန်း-လှ = စနေနှင့် ဗုဒ္ဓဟူး၊ ကို-ရှာ = တနင်္လာနှင့် ရာဟု ။

အိမ်ထောင်ရန် – ဓမ္မာ သောက အင်း၀ ရာဇာ၊ ဓ-မ္မာ = စနေနှင့် ကြာသပတေး၊ သော-က = သောကြာနှင့်တနင်္လာ၊ အင်း-ဝ = တနင်္ဂနွေနှင့် ဗုဒ္ဓဟူး၊ ရာ-ဇာ = ရာဟုနှင့် အင်္ဂါ ။

ကမ္ဘာ့မိတ် – အောင်ပ ကလား ဆွေသား နောင်ရင်း၊ အောင်-ပ= တနင်္ဂနွေနှင့် ကြာသပတေး၊ က-လား = တနင်္လာနှင့် ဗုဒ္ဓဟူး ဆွေ-သား = အင်္ဂါနှင့် သောကြာ၊ နောင်-ရင်း = စနေနှင့် ရာဟု။

ကမ္ဘာ့ရန် – ဦးညို ခေမာ သုတ ဝေရီ ရန်စီစီ၊ ဦး-ညို = တနင်္ဂနွေနှင့် အင်္ဂါ၊ ခေ-မာ = တနင်္လာနှင့် ကြာသပတေး၊ သု-တ = သောကြာနှင့် စနေ၊ ဝေ-ရီ = ဗုဒ္ဓဟူးနှင့် ရာဟု ။

ဓာတ်မိတ် – အန္တော ဂဗ္ဘေ စရေ ဝံသေ၊ အ-န္တော = တနင်္ဂနွေနှင့် စနေ၊ ဂ-ဗ္ဘေ = တနင်္လာနှင့် ကြာသပတေး၊ စ-ရေ = အင်္ဂါနှင့် ဗုဒ္ဓဟူး၊ ဝံ-သေ = ဗုဒ္ဓဟူးနှင့် သောကြာ ။

ဓာတ်ရန် – ဦးဝေ စံကူး ရေဘူး တောသူ၊ ဦး-ဝေ= တနင်္ဂနွေနှင့် ဗုဒ္ဓဟူး၊ စံ-ကူး = အင်္ဂါနှင့် တနင်္လာ၊ ရေ-ဘူး = ရာဟုနှင့် ကြာသပတေး၊ တော-သူ = စနေနှင့် သောကြာ။ မှတ်ချက်။ ဓာတ်မိတ် ဓာတ်ရန်သည် အိမ်ထောင်ရေးနှင့်မသက်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page