ပို့ကုန်ဝင်ငွေ ၃၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ နှုတ်မိန့် ပေါက်ကြားမှု ဖြစ်ပေါ်

ဗဟိုဘဏ် နှုတ်ဖြင့်ရှင်းပြခြင်းဟု သိရပြီး ရုံးအမိန့်စာ မထွက်ရှိသေးပါတဲ့။ အောက်ပါအတိုင်း ရှင်းလင်း မကြာမှီ ညွှန်ကြားချက်ထုတ်ပြန်ပါမည်ဟုသိရ။

(၁) ပို့ကုန်ဝင်ငွေ (Export Proceed) အစစ်အမှန် ဘဏ်သို့ဝင်လာရင် ၂၄ နာရီအတွင်း 65% အား Exporter ထံမှဘဏ်က ဝယ်ပြီး ERS report မှာ ထည့်ပေးရမည်။ (၂) ပို့ကုန်ဝင်ငွေ (Export Proceed) ကျန် 35% အား Exporter အနေဖြင့် ဆောင်ရွက်နိုင်မှုကို ဗဟိုဘဏ်အနေဖြင့် ဘဏ်တွေကို ညွှန်ကြားချက် ထုတ်ပေးပါမည်။

Exporter အနေဖြင့် Import တင်သွင်းပါက ပြန်သုံးနိုင်ခြင်း။ အခြား Trade & Non trade cross border payment လုပ်မည့်သူအား ညှိနှိုင်းဈေးဖြင့် ရောင်းချနိုင်ခြင်း။ အခြား ထပ်ဆင့်ဝယ်ယူသူသည် Onshore တွင် Payment လုပ်ချင်ပါက အစိုးရ သို့ ပေးရမည့် လိုအပ်မှုသာ ဝယ်ယူနိုင်ပါမည်။ အခြား Local ပြည်တွင်းပေးချေမှုကို ကျပ်ဖြင့်သာ ဆောင်ရွက်ရမည်။

Offshore မှ Export မဟုတ်သည့် Non trade inward များ ယခင်အတိုင်း ဝင်လာသည့်ငွေများအား ၁၀၀%ဘဏ်မှ ၂၄ နာရီအတွင်းဝယ်ရပါမည်။ ယခုညွှန်ကြားချက်နဲ့ မသက်ဆိုင်ပါ။ Export Proceed 35% သည် ကိုင်ဆောင်ခွင့် ရက် ၃၀ သာ ရရှိပါမည်။ ထပ်ဆင့် ဝယ်ယူသူသည် ရက်၃၀ အတွင်း ပြည်ပသို့ မလွှဲနိုင်ပါက ဘဏ်သို့ ပြန်ရောင်းရမည်။ အခြားသူသို့ထပ်ဆင့် ရောင်းချခွင့်မပြုပါ။

Exporter ထံမှ 35% ဝယ်ယူသူသည် Offshore သို့ ငွေလွှဲပို့ရာတွင် FESC ထံ လျှောက်ထားပြီး ခွင့်ပြုမိန့်ရမှ လွှဲပို့၍ ရပါမည်။ တစ်လအတွင်း ခွင့်ပြုချက်မရပါက ဘဏ်သို့ရောင်းရမည်။ ယခင် (၁၂/၂၀၂၂) Notification ရော၊ Instruction များ ဆက်လက်အကျုံးဝင်လျက်ရှိပါသည်။ (Tun Win)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page