ရန်ကုန်သားတွေ အခုထိ ကွဲကွဲပြားပြား မသိသေးတဲ့ မန္တလေးမုံ့တီနဲ့ နန်းကြီးသုပ် ကွာခြားချက်များ
ရန်ကုန်သားတွေခက်တယ်။ သူတို့ကြောင့် မုံ့တီဖတ်ကို ဟင်းအနှစ်နဲ့ နယ်စားတဲ့ ဓလေ့ကို နန်းကြီးသုပ်ဆိုပြီး ဘုမသိဘမသိ လူတွေ စားကြရင်း နန်းကြီးသုတ် ဆိုပြီး အမည်တွင်တော့တာပဲ။
အော်သန်းသစ် မန္တလေးမုံ့တီရဲ့ သွင်ပြင်လက္ခဏာ ကာရိုက်တာရစ္စတစ် ကို ပြောရရင်ဖြင့်- ၁။ မန္တလေးမုံ့တီရဲ့ နန်းဟာ နန်းကြီးသုပ်လို့ခေါ်တဲ့ နန်းထက် တုတ်တယ်။ ၂။ မန္တလေးမုံ့တီ ဟာ ဘာဟင်အနှစ်မှ မပါဘူး။ ၃။ ဆီနီ ဆီဝါရယ် ပဲမှုန့်ရယ်ပဲ ပါတယ်။ အဲ့မှာ ဆီဝါနဲ့ ပဲမှုန့်က အသက်၊ နနွင်းမှုန့်ကို ကွာလတီကောင်းတဲ့ နနွင်းအစစ်မှုန့်ကို ဆီသတ်မှ မွှေးတာ။
၄။ ပဲမှုန့်လဲ အလားတူပဲ ။ လတ်ဆတ်ပြီး ဘာမှမရောတဲ့ ပဲမှုန့် မျိုး မကုန်လို့ လချီ ဆက်သုံးနေတဲ့ ပဲမှုန့်မျိုး မဟုတ်တဲ့ ပဲမှုန့်နဲ့ ဆီဝါ ဆီနီကို မုံ့တီဖတ်နဲ့ နယ်လိုက်လို့ ထွက်လာတဲ့အရသာက အနှစ်ပဲ။ ဘာဟင်းအနှစ်မှမလိုဘူး။
၅။ ကြက်သားဖတ်- ကြက်သားကို ဟင်းနဲ့ ဆီသတ်ချက်တာမဟုတ် ကြက်သွန်ဖြူ ဂျင်း တို့ကိုအရည်ထုတ် ကြက်သားနဲ့ နှပ်ထားပြီး နူးအိနေအောင်ပြုတ်ထားတဲ့ ကြက်သားကို အမျှင်ထုတ် ထည့်တာ။
၆။ ပြီးရင် မတ်ပဲကြော်ရယ် မုန့်ခြောက်လေးတွေကတော့ အပိုစာတား ထည့်စားကြတာလဲ upgrade ထပ်လုပ်တာပေါ့။ ၇။ အချဉ်ဆိုရင် ကြက်သွန်နီကို အကွင်းလိုက်အဝိုင်းကြီးတွေလှီးပြီး သံပုရာသီးညှစ်ထားတာမျိုး၊ အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံသော အခြင်းအရာကို မန္တလေးမုံ့တီ စစ်စစ်ဟုခေါ်ပါသည်။ (Thu Ya Aung)