ကမ္ဘောဇဘဏ် အယောင်ဆောင်ပြီး ကေပေးအကောင့်ထဲက သိန်း ၅၀ လိမ်သွားတဲ့ အဖြစ် (ဂရုစိုက်ကြပါ)
ကမ္ဘောဇဘဏ် အယောင်ဆောင်ပြီး ကေပေးအကောင့်ကို ရယူကာ အကောင့်ထဲက သိန်း ၅၀ လိမ်လည် ရယူသွားတဲ့အကြောင်းကို စာဖတ်သူများ သတိပြုမိစေရန် ဖော်ပြ ပေးလိုက်ပါတယ်။
ကေပေး သိန်း ၅၀ လိမ်သွားတဲ့သူရယ်။ ရောက်လေရာ ဘဝမှာ ဆင်ပြေပါစေ။ ဒီထက်ပိုကြိုးစားပြီး ပိုရှာနိုင်ဖို့ တွန်းအားဖြစ်စေခဲ့တဲ့တွက် ကျေးဇူး။
ဖြစ်ပုံက ညနေ ၃ နာရီလောက်မှာ ဖုန်းဆက်လာတယ် ကမ္ဘောဇဘဏ် အော်ပရေတာကပါ။ Banking လေးစစ်ပြီးသွားလို့ ခုဒီအပတ် ကေပေးအကောင့်က အဝင်ထွက်များလို့ နိုင်ငံရေးခြေနေကြောင့် ဆိုပြီး နိုင်ငံတော်အဆင့် စစ်ရတာပါ။
သူတို့ဆီ တိုင်ခံထိထားတဲ့ ဖုန်းနံပါတ်တွေနဲ့ ကေပေး အဝင်အထွက်ရှိမရှိ မှတ်တမ်းအားလုံးကို စစ်ဖို့ ပါဝင်ပေးပါ။ အစ်မဘက်က စစ်ခံဖို့ ငြင်းပယ်မယ်ဆို အကောင့်က ယာယီခုချက်ချင်း ပိတ်သွားပါမယ်။ သူ့မှတ်ပုံတင်တွေကအစ အကုန်ပေးပြီး လုံးဝပီပီပြင်ပြင် လိမ်ခံရတာပါ။
မေမီရေးတာထက်ကို ပိုပြီးလိမ်တာ ပီပြင်သွားပါတယ်။ အားလုံးလည်း သတိထားကြပါရှင်။ လိမ်သွားတာ အရမ်းပီပြင်ပါတယ်။ ငွေလွဲကို အကောင့် ၃ ခုလောက်နဲ့ လုပ်သွားတာပါ။ ဒီထက်ပိုပြီး သန်မာပြမယ်နော် သူများ ချွေးနဲစာနဲ့ ဗိုက်ဝပါစေ။ ဒီသိန်း ၅၀ က ခက်ခဲဖြေရှင်းဖို့တွက် ဆေးပုလင်းသွင်းနေရင်းကို အလုပ်မနားပဲ ပင်ပင်ပန်းပန်းနဲ့ မနားတမ်း ရှာထားရတာပါ (၇-၁၀-၂၀၂၂ လုံးဝမမေ့ဘူး) (မေမီ)