မြန်မာကနေ ပြန်ထွက်သွားတဲ့ အိန္ဒိယဆိပ်ကမ်းကုမ္ပဏီပိုင်ရှင် အဒါနီ အာရှအချမ်းသာဆုံးသူဌေးကြီးဖြစ်လာ
အသက် ၅၉ နှစ်အရွယ်အဒါနီဟာ တနိုင်ငံတည်းသား အမ်ဘာနီကို ကပ်ကျော်ပြီး အနိုင်ရခဲ့တာပါ။
ဒေါ်လာ ၈၈.၅ ဘီလီယံချမ်းသာတဲ့ အာရှထိပ်တန်းသူဌေးကြီးဟာ ကျောက်မီးသွေးတူးတဲ့လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ပါသတဲ့။
ဒေါ်လာ ၈၇.၉ ဘီလီယံ ချမ်းသာတဲ့ သူ့ရဲ့ ပြိုင်ဖက် အမ်ဘာနီကို နှာတဖျားနဲ့ အသာရပြီး အာရှ အချမ်းသာဆုံး သူဌေးကြီးဘွဲ့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သူဌေးကြီး ပိုင်ဆိုင်တဲ့ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကြီး ဖြစ်တဲ့ Adani က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ နှစ်ရှည်မြေငှားလုပ်ကိုင်သည့် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကုန်တင်ဆိပ်ကမ်းစီမံကိန်းမှ အပြီးထွက်ခွာတော့မယ်လို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲက ကြေညာထားတာ ဖြစ်ပါတယ်။
သဘာဝသယံဇာတဆိုတာက သေချာမခိုးမဝှက်ဘဲ စိစိစစ်စစ်နဲ့သာ လုပ်နိုင်ရင် တိုင်းပြည်ကို ချမ်းသာလာစေနိုင်ပါတယ်။
သဘာဝသယံဇာတတွေ ပေါကြွယ်ဝပေမယ့် စုတ်ပြတ်သတ်ပြီး ဆင်းရဲတွင်းနက်နေတာဟာ သူခိုးကြမ်းပိုးတွေပေါနေသေးလို့ပဲလို့သာ ထင်မြင်ယူဆမိပါတော့တယ်။ (Francis Zin)