ဟောသမျှ မှန်တဲ့ ဆရာလင်းညှို့တာရာ ပေးတဲ့ မဟာငလျင်ကာဂါထာနဲ့ ယတြာအစီအရင်
မဟာငလျင်ကာဂါထာ၊ ယုံကြည်သူအတွက်၊ လိုအပ်တဲ့သူအတွက် အသုံးလိုမယ်ထင်ရင် ယူနိုင်အာင်လို့ပါ။ မုံရွာမြို့ မိုးညှင်းသမ္ပုဒ္ဓေ စေတီတော်မြတ်ကြီး၏ ဗဟိုရ်မဏ္ဍိုင်တော်မှ ငလျင်ကာဂါထာပါ။
ယော ဒေတိ ဒေဝဒေဝေါဂ္ဂံ၊ ဓမ္မ မဂ္ဂဖလံ ဒဒေါ၊ နမာမိ တံ အရဟံ မဂ္ဂံ၊ နော သော ပါလေတု ပါတုရဟော။ အလွတ်ရအောင်ကျက်ပြီး မိမိသက်စေ့ နေ့စဉ်ရွတ်ဆိုပါ။ အင်းကိုလည်း ဘုရားခန်းမှာလည်း ချိတ်ဆွဲ၍ ကပ်ထားပါ။
ရှေးဦးစွာ မိမိအိမ်ရှိ ဘုရား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပါ။ ပြီးလျှင် မိမိ ရှေ့တွင် ရေခွက်တစ်ခွက်ချပါ။ ထို့နောက် အထက်ပါ ဂါထာကို အခေါက်ရေ သက်စေ့ ရွတ်ဆိုပူဇော်ပေးပါ။ ပြီးလျှင်ထိုရေခွက်ထဲမှ ရေဖြင့် မိမိအိမ်ပတ်ပတ်လည်ကို ပက်ဖြန်းပေးပါ။
တိုက်ခန်းနှင့် နေထိုင်သူ ဖြစ်ပါက မိမိ အိမ်ရှေ့ခန်းမှနေ၍ အိမ်နောက်ဖေး မီးဖိုချောင်အထိ ပက်ဖြန်းပေးပါ။ ပက်ဖြန်းနေစဉ် မိမိ နှုတ်မှနေ၍ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် ၇ရက်သားသမီး အပေါင်း မြေငလျင်ဘေးမှ ကင်းလွတ်ပါစေဟူ၍ ဆုတောင်းပေးပါ။
(၇)ရက်သားသမီး အပေါင်း သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော မြေငလျင်ဘေးမှ ကင်းလွတ်ကြပါစေသား။ အန္တရာယ်ကင်းကြပါစေသား။ (လင်းညှို့တာရာ)