စကစရဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်မယ့်နေ့ နောက်ဆုတ်လိုက်ရတဲ့ အကြောင်းရင်း

စကစရဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ကြေငြာခဲ့ပေမယ့်လည်း တပတ်နီးပါး နောက်ဆုတ်ပြီး ဇွန် ၁၇ ရက်မှာသာ ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

“ဒီလ ဇွန် ၁၇ ရက်နေ့ထွက်မယ်လို့ ကြားတယ်။ အဲ့ရက်ကတော့ သေချာပါတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ဒီနှစ်ပိုများပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အွန်လိုင်းမှတဆင့် ကြည့်လိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ ကိုယ်ဖြေဆိုခဲ့ရာ ကျောင်းတွေမှာလည်း ကပ်ထားပေးမယ်လို့ သိရပါတယ်။

အောင်စာရင်း နောက်ဆုတ်လိုက်ရတဲ့ အကြောင်းရင်းက ထူးခြားဖြစ်စဉ် တခု ဖြစ်ကြောင်း၊ ယခင်ကဆို ထွက်မယ့်ရက် ကြေငြာပြီးရင် အဲဒီနေ့ပဲ ထွက်ကြောင်း၊ အခုက အောင်ချက် ရာခိုင်နှုန်းကို အထက်ဆိုတဲ့ နေရာကို တင်ပြရကြောင်း၊ အဲဒီအထက်က မကြိုက်လို့ ပြင်ခိုင်းတာ ဖြစ်နိုင်ကြောင်း၊ လူကြီးတွေသာ ကျိတ်လုပ်နေကြကြောင်း၊ သာမန်ဝန်ထမ်းတွေက ဘာမှ မသိရကြောင်း အခြေခံပညာဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စားမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂ သိန်းကျော်သာ ဝင်ရောက် ဖြေဆိုခဲ့ပြီး ပြီးခဲ့တဲ့ ၅ နှစ်ထက် စံချိန်တင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page