ဂျပန်က လစာအကောင်းဆုံးအလုပ်ရဲ့ အမှောင်ဖက်ခြမ်း (ဂျပန်သွား အလုပ်လုပ်မယ့်သူများ ဖတ်ဖို့ပါ)
ညီမဝမ်းကွဲ ဂျပန်လာဖို့ လုပ်တယ်ဆိုတော့ ကိုယ်လည်းမေးကြည့်တာပေါ့ ဘာနဲ့လည်းပေါ့.. သူက ခိုင်းဂေါ့(သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်)ဆိုတော့ ကိုယ်ကလည်း အော် ပေါ့..
အဲ့အလုပ်ကြောင်းသိလားဆိုတော့ သိတယ်တဲ့.. ဂျပန်မှာ လစာအများဆုံးအလုပ်ဆိုပြီး သူကပြောတော့ ကိုယ်က အဲ့မှာစပြီး ဟယ် ပြီ.. တခြားဘာသိသေးလည်းမေးတော့ အဘိုးကြီးအဘွားကြီးတွေရဲ့ အလေးအပေါ့လည်း လုပ်စရာမလိုဘူးတဲ့ … အဲ့မှာ ဒဘလယ် ဟယ် ပြီ။
ဘယ်သူပြောလည်းဆိုတော့ ခုစာသင်ပေးနေတဲ့သူ့ဆရာမတဲ့.. ဒါနဲ့ နင့်ဆရာမက ဂျပန်လာဘူးလားဆိုတော့ လာဖူးတယ်တဲ့..ဘာလို့အဲ့လိုမေးရလည်းဆိုတော့ တချို့ဂျပန်မရောက်ဖူးဘဲ ဂျင်းကြတာများလို့ပါ။ အဲ့တော့ နင့်ဆရာမ ခိုင်းဂေါ့အလုပ် လုပ်ဖူးလားဆိုတော့ မလုပ်ဖူးဘူးတဲ့ စကော်လာနဲ့ဘဲ ကျောင်းတက်သွားတာတဲ့ … အံ့ဩပါ့ ကမ္ဘောဇ အမေးဇင်းဟယ် ပါနော်.. ခိုင်းဂေါ့မပြောနဲ့ ဘိုင်တိုတောင်မလုပ်ဖူးဘဲနဲ့ ဂျင်းချက်ကြီးက
အဲ့ဆရာမကို ခိုင်းဂေါ့လုပ်ဖို့အရင်လာခိုင်းလိုက်လို့ပြောပြီး အဲ့အေဂျင်စီကနေ ထွက်ခိုင်းလိုက်တယ်.. အဲ့အေဂျင်စီက ကြီးပြီး လာတက်နေတဲ့သူတွေလည်းအများကြီးတဲ့.. ခေတ်ပျက်ကြီးကို အကြောင်းပြုပြီး ဂျင်းထည့်ကြပုံများ.
ခိုင်းဂေါ့ဆိုတာ သွေးသားမတော်စပ်တဲ့အသက်ကြီးရွယ်အိုတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ရတာ .. မှားမှားမှန်မှန် အော်ဟောက်သောင်းကျန်းတာတွေကို ပြုံးပြီးစိတ်ရှည်ရှည်နဲ့ သည်းခံရတာပါနော် .. အိမ်က အမေတစ်ခွန်းဆို ၁၀ ခွန်းလောက် ပြန်ခံပက်ပြောသောမမများ မှတ်ကြပါကုန်
အလေးအပေါ့က အလေးမသွားနိုင်ရင် အထဲထိနှိုက်ထုတ်ရပါတယ်နော် .. တစ်ကိုယ်လုံးသန့်ရှင်းရေးတွေ အလှည့်ကြလုပ်ရပါတယ်.. Day shift Night shift ရှိပြီး night shift ဝင်ရင်ပိုက်ဆံပိုရပါတယ်။ မလုပ်တတ်သေးခင် night shift မပေးပါဘူးနော် ဒါကြောင့် လစာအများဆုံးဆိုတာရဲ့ ပြောင်းပြန်ပါနော် .. ပြီးတော့ မမတို့လစာနည်းနည်းလေးရမှာကို မမတို့ကိုပို့မယ့်အေးဂျင့်က ဘယ်နှစ်လထိ ဟိုဟာဒီဟာနဲ့ ဂျပန်ဘက်နဲ့ပေါင်းပြီးဖြတ်အုံးမှာပါနော်
အမှန်ကို အမှန်တိုင်းပြောကြပါ ဝန်ခံကြပါ.. အနာဂတ်ပျောက်နေတဲ့ကလေးတွေကို ၂ ကြိမ် မ -တ် ကြပါနဲ့ .. တခါ အိမ်သာတောင် မဆေးရတဲ့ ရုံးသန့်ရှင်းရေး လုပ်တုန်းက မြန်မာကောင်မလေးတယောက်နဲ့ဆုံတယ် ချောချောလေး မိဘကလည်း ချမ်းသာတယ်..ကျောင်းလခပို့ပေးနိုင်တယ် အိမ်က .. သူ့ဟာသူ အိမ်လခရယ် သူသုံးဖို့ဘဲရှာရတာသူက.. မြန်မာပြည်မှာ မင်းသမီးလိုနေခဲ့တဲ့ ကလေးမလေး ဂျပန်ရောက်ပြီးမကြာဘူး ဖိအားများတဲ့ ဒဏ်မခံနိုင်လို့ သွက်သွက်ခါ ရူးသွပ် ပြီး အဝတ်စားအကုန်ချွတ်ပြီး ကားလမ်းမပေါ်ပြေးလို့မနည်းလိုက်ဖမ်းပြီး မြန်မာပြည်ပြန်ပို့လိုက်ရတယ်။
ပြောပြချင်တာက ဘယ်အလုပ်မဆို ဖိအားရှိပါတယ် မင်းသမီးလိုနေရတဲ့အလုပ်တခုမှ မရှိပါဘူး.. ရတဲ့ပိုက်ဆံထက်ပိုတဲ့ ဖိအားတွေအများကြီးပါဘဲ.. ခိုင်းဂေါ့ဘာလို့နာမည်ကြီးလည်းဆိုတော့ ဗီဇာရလွယ်လို့ပါ.. အာမခံချက်လည်းရှိပါတယ်..ဘာလို့လည်းဆိုတော့ လုပ်မယ့်သူမရှိလို့ပါ။
သူတို့လူမျိူးအချင်းချင်းတောင် သည်းမခံနိုင်လို့ အငှါးခေါ်ခိုင်းရတဲ့သဘောပါ .. ဗီဇာကတော့ရှယ်ခိုင်ပါတယ် လုပ်မယ့်သူရှားလို့.. ခိုင်းဂေါ့မှာတောင် အဆင့်အမျိူးမျိူးပြန်ခွဲထားပြီး သက်ကြီးရွယ်အိုတွေလည်း လှုပ်ရှားနိုင်တဲ့သူလား မလှုပ်ရှားနိုင်တဲ့သူလား နေ့ထိန်းလား နေ့ရောညရောလား စတဲ့ level အမျိုးမျိုးရှိပါတယ်.. ခေတ်ပျက်ကြီးမှာ ဂျင်းဒဏ်ကင်းဝေးကြပါစေနော် (Calli Dora)