ကျပ်ငွေ ဘီလီယံ ၄၀၀၊ တန်ဖိုးအောက်ဆုံးရောက်နေတဲ့ မြန်မာပိုက်ဆံနဲ့ ဇင်ဘာဘွေလို ဖြစ်လာတော့မှာလား

ဇင်ဘာဘွေနိုင်ငံ မှာ တကယ်ဖြစ်ခဲ့ဖူးတာ။ သကြားလုံးတလုံးကို ၁၀ သန်းလောက်ပေးဝယ်တယ်။ ပေါင်မုန့်တလုံးဆို ဘီလီယံချီပြီးတော့ကို ပေးဝယ်တယ်။ ၁ ဘီလီယံဆိုတာ သန်းတစ်ထောင်အမောက်ကို ပြောတာ။

ဇင်ဘာဘွေနိုင်ငံက လူတွေက ပိုက်ဆံကို တွန်းလှည်းနဲ့ သယ်ပြီးတော့ကို သုံးတာ။ လူတိုင်းလူတိုင်းမှာ ကလေးက အစ အနည်းဆုံး ဘီလီယံနဲ့ချီပြီးတော့ကို ပိုက်ဆံရှိတာ။ ဇင်ဘာဘွေက လမ်းဘေးကလူတွေတောင် ဘီလီယံ ထရီလီယံနာလောက် ပိုင်ကြတာ ငွေကြေးဖောင်းပွမှုပြသာနာဟာ နိုင်ငံတနိုင်ငံကို အောက်ဆုံး အဆင့်ထိ ရောက်သွားစေနိုင်တယ်လေ (Zin Moe)

ချေးငွေ ကျပ် ၄၀၀ ဘီလီယံကို တောင်သူတွေထံ ထုတ်ချေးပြီး စိုက်ပျိုးထွက်ရှိလာမယ့် စပါးနဲ့ ပဲတီစိမ်း ရောင်းချမှုကို ဦးစီးဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။သီးသန့်ရန်ပုံငွေ ကျပ် ၄၀၀ ဘီလီယံထဲက ပမာဏအများစုကို စပါးနဲ့ ပဲတီစိမ်း စိုက်ပျိုးမှုအတွက် ဦးစားပေး ထုတ်ချေးမှာဖြစ်ပြီး စိုက်ပျိုး၊မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်မယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာငွေတန်ဖိုးက အနိမ့်ဆုံးကို ကျဆင်းလျက်ရှိပြီး ဆက်လက်ကျဆင်းနေဦးမှာပဲ ဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ ပမာဏ အရမ်းမျာတဲ့ ကျပ်ငွေ ၄၀၀ ဘီလီယံကို ရိုက်ထုတ်လိုက်ခြင်းဟာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးဝါးစေနိုင်တယ်လို့ စီးပွားရေး ပညာရှင်များက မှတ်ချက်ပြုနေကြပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ အလွန်အမင်း ငွေကြေးဖောင်းပွမှု ပုံစံမျိုး ဖြစ်သွားနိုင်ပြီး သန်းထောင်ချီတန် ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲရတဲ့ အနေအထား ရောက်နိုင်တယ်လို့ ပညာရှင်များက သုံးသပ်နေကြပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံရဲ့ တချို့နေရာတွေမှာ ဒေါ်လာကို အစားထိုး သုံးစွဲနေကြပြီး မြန်မာကျပ်ငွေများကို မည်သူမျှ လက်ထဲ မကိုင်ချင်ကြဘဲ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနဲ့ ကားတွေကို အလုအယက် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page