အပျိုကြီး ကျိန်းသေပေါက် ဖြစ်မယ့် လက္ခဏာရပ်များ (အမှန်တကယ် ကိုယ်တွေ့ အတွေ့အကြုံများ)
ဇီဇာကြောင် လူပျိုကြီး/အပျိုကြီး ဖြစ်မည့်သူများ။ အကုန်တူနေတယ်။ ၁။ကျွတ်ကျွတ်အိပ် စုတတ်လာခြင်း။ ၂။ပစိပစပ်များလာခြင်း။ ၃။ တခုဝယ် တခုရ ပရိုမိုးရှင်း များသာဝယ်ယူခြင်း။ ၄။အကျီ အစုတ် ဘောင်းဘီအစုတ်ကိုသာသဘောကျခြင်း။
၅။ပေါချောင်ကောင်းပစ္စည်းများဝယ်ယူပြီး နောင်တရတတ်ခြင်း။ ၆။အစားအစာ တခုခုမှာတိုင်း မတန်ဘူး ဆိုပြီးဈေးတွက်ပြခြင်း။ ၇။ကပ်စေးအလွန်နည်းလာခြင်း။ ၈။၂၄နာရီ အလိုမကျခြင်း။ ၉။အခုတမျိုး တော်ကြာတမျိုး မျောက်စိတ်ပိုင်ဆိုင်ခြင်း။
၁၀။တဇွတ်ထိုး ပြုလုပ်တတ်ခြင်း။ ၁၁။ ရည်းစားတော့ထားချင်ပေမဲ့ အိမ်ထောင်တော့မပြုချင်ခြင်း။ ၁၂။ တယောက်တည်းနေရတာကိုပိုနှစ်သက်ခြင်း။ ၁၃။လူတွေကို စိတ်ကုန်တတ်လာခြင်း။ ၁၄။စကားပြောလျှင် ဥပမာ မျိုးစုံနှင့်ဆရာကြီးလုပ်တတ်ခြင်း။
၁၅။ စိတ်ခံစားရလွယ်ကူခြင်း။ ၁၆။စိတ်ဆိုးလာရင် တည့်တိုးပြောတတ်လာခြင်း။ ၁၇။ ဖုပန်ဒါမှ တခါသုံးခွက်များ စုဆောင်းတတ်ခြင်း။ ၁၈။ဖုန်တက်တာက အစ ဖိနပ်ချွတ်တာ မညီ တာ အဆုံး လိုက်ကြည့်တတ်ခြင်း။
ဒါတွေထဲက အနည်းဆုံး ၇ခုလောက် ကိုက်ညီပြီဆိုရင်တော့ သေချာပေါက် ဇီဇာကြောင်တဲ့ လူဖြစ်မှာသေချာပါတယ်။ ကိုယ်တွေ့ပါ။ ယူတို့အတွေ့အကြုံရလိုတာဖြည့်ပေးကြပါအုံး (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)