မြို့မေတ္တာ ခံယူတဲ့ မင်းအုပ်စိုး ရုတ်တရက် နှလုံးဖောက်၊ အသက်ရှင်ဖို့ ရာခိုင်နှုန်း နည်းပါးဟုဆို
သရုပ်ဆောင် မင်းအုပ်စိုး ဟာ ရုတ်တရက် နှလုံးဖောက်တဲ့ဝေဒနာ ခံစားလိုက်ရပြီး အသက်ရှင်မယ်၊ မရှင်ဘူးဆိုတာက ကံတရားရဲ့အလိုတော်အနေအထားဖြစ်နေတယ်လို့ သိရှိရပါတယ်။
“ဦးမင်းအုပ်စိုး Heart Attack ကြောင့် Shock ရသွားပါသည်” လို့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ ကျန်းမာရေး အခြေအနေကို စတင်အသိပေးခဲ့ပြီးနောက် “ရောဂါအနေအထားအရ ပြန်လာခြင်း၊ မလာခြင်း မသေချာနိုင်တော့ပါဘူးရှင့်”လို့ သူ့မိသားစုဝင်တစ်ယောက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဆက်လက်ရေးသားဖော်ပြခဲ့တာလို့ သိရပါတယ်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က သူရဲ့နေအိမ်မှာ သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ်ကို လူမှုရေးကိစ္စမေးမြန်း စကားများရန်ဖြစ်ရာကနေ သူမကို အိမ်ခန်းအတွင်း -ိုးကြိတ်မှုကြောင့် မတေးနုယဉ် သေဆုံးသွားတဲ့အတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရဖူးပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၁၀ နှစ်အဖြစ် တာဝန်ရှိသူတွေက ဖြေလျှော့ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သရုပ်ဆောင် မင်းအုပ်စိုး ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အဲ့ဒီအချိန်ကစလို့ လူမြင်ကွင်းဆီ သိပ်မထွက်တော့ဘဲ မိသားစုနဲ့ ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။
ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ စာတချို့ကြောင့် ပြည်သူတွေက မင်းအုပ်စိုးအပေါ် မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အသက်ရှင်ဖို့ ရာခိုင်နှုန်း နည်းနေပြီလို့ သိရပါတယ်။