လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဆယ်လီကြောင်လေး လှည်းတန်း တုတ်တုတ် ပျောက်ဆုံးနေ

ချစ်စရာ မျက်နှာပေးလေးကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ကြောင်လေး လှည်းတန်း တုတ်တုတ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ လှည်းတန်း တုတ်တုတ် ရဲ့ ပိုင်ရှင်တင်ထားတဲ့ ပို့စ်တွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

တုတ်ကလေး မနက်က မိန်းမရှာထွက်သွားတာခုထိပြန်မရောက်သေးလို့ လှိုင် ရှမ်းစုအနီးတွေ့ရင်ခေါ်ထားကြပေးပါနော်။ ခရစ်စမတ်ညကြီး ကြောင်သားအုန်းနို့ဆီပြန် တကယ်ဖြစ်သွားမှာစိုးလို့ပါ။ ပြန်လာမှာသိပေမဲ့ စိတ်တအားပူတတ်လို့ပါ။ ကြောင်မုန်းတဲ့သူနဲ့ တမင်ဖွက်ထားကြမှာလဲ စိုးရိမ်လို့ပါ။ (၂၅-၁၂-၂၀၂၂)

တုတ်ကလေးကို မနေ့ည ၉နာရီလောက်တိုက်အောက်နားကဝါးရုံနားမှာတွေ့ပါတယ်တဲ့။ အဲ့နားအိမ်က မြောင်မကို သွားစွာနေတာတဲ့။ ဒီချိန်တနေရာရာမှာ ခွေနေလောက်တယ်တဲ့။ ညဖက်တစ်ချက် စောင့်ကြည့်လို့ ပြောပါတယ်။ အိမ်နားမှာပဲ ဆိုတော့ အရမ်းကြီး စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ တိုက်အောက်ရော လမ်းထဲအိမ်အကုန်လုံးကိုမှာထားပြီးပါပြီရှင်။ တုတ်ကလေးကို တွေ့တာနဲ့ ခေါ်ထားပေးဖို့ စိတ်ပူပေးကြတဲ့ အကုန်လုံးကို ကျေးဇူး အများကြီးတင်ပါတယ်ရှင်။ (၂၇-၁၂-၂၀၂၂)

မားအိလဲ တုတ်ကလေးကို တတ်နိုင်သလောက် ရှာနေပါတယ်။ တိုက်အောက်မှာ တွေ့သမျှကလေးတွေကို အစာကျွေးပြီး တုတ်ကြီး ပြန်လာဖို့မှာပါတယ်။ ခုထိတော့ တုတ်ကလေးကို မတွေ့သေးဘူး စိတ်ပူပေးနေကြတဲ့အကုန်လုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်ရှင်။ (၂၇-၁၂-၂၀၂၂)

တုတ်တုတ်လေး ကိုချစ်လို့ခေါ်ထားတာများရှိရင် ပြန်ပေးပါနော်။ တုတ်အစားတစ်ကောင် ဝယ်ပေးပါမယ်ရှင်။ တုတ်ကလေးက လူလဲယဉ်တော့ ခေါ်ထားရတာ လွယ်လို့ပါရှင်။ တုတ်ကလေးကိုတော့ ပြန်ပေးဖို့တောင်းဆိုပါတယ်ရှင် (၂၈-၁၂-၂၀၂၂)

ကြောင်လေး လှည်းတန်း တုတ်တုတ်ဟာ ယခင်တုန်းကလည်း မကြာခဏဆိုသလို ၃ ရက်ခန့် ပျောက်လေ့ ရှိပြီး အိမ်ပြန်လာတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ပျောက်ဆုံးတာ (၄) ရက်ကြာမြင့်နေလို့ ပိုင်ရှင်ဖြစ်သူရော၊ လှည်းတန်း တုတ်တုတ် ပရိသတ်တွေပါ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ကြောင်လေး လှည်းတန်း တုတ်တုတ်ကို လှိုင်မြို့နယ်အနီးမှာ တွေ့ရှိသူများအနေနဲ့ ပိုင်ရှင်ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ခေါ်ထားသူရှိရင်လည်း ပိုင်ရှင်ထံ ပြန်အပ်သင့်ပါတယ်။ ကြောင်လေး လှည်းတန်း တုတ်တုတ်ကို အမြန်ဆုံး ပြန်လည်တွေ့နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page