စကစ အဓိက ဝန်ကြီး (၂) ဦးကို ရာထူးက ထုတ်ပယ်လိုက်တဲ့ နောက်ကွယ်က အကြောင်းရင်း

ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးနှင့် စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးတင်ထွဋ်ဦးတို့ကို စကစက ရာထူးမှ ဖြုတ်လိုက်တယ်လို့ သိရပါတယ်။

ယင်းဝန်ကြီး (၂) ဦးကို ယနေ့ နိုဝင်ဘာလ (၁၄) ရက်တွင် တာဝန်မှအနားယူခွင့်ပြုလိုက်ခြင်းဖြစ်ပြီး စကစ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နေရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးအား အစားထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ထို့အပြင် ဆောက်လုပ်ရေး ဝန်ကြီး ဦရွှေလေး နေရာတွင် ဦးမျိုးသန့်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့သည် စကစက တာဝန်ပေးခံရသည့် ပြည်ထောင်စုဝန် ကြီးများဖြစ်ပြီး ဒုတိယဝန်ကြီးများမှာ ဒေါက်တာအောင်ကြီးနှင့် ဦးမင်းထိန်တို့ ဖြစ်ပါတယ်။

အဆိုပါ ဝန်ကြီး (၂) ဦးကို အမိန့် မနာခံခြင်းကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် ထုတ်ပယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း စတဲ့ သတင်းများ ပျံ့နှံ့လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page