စကစ ကျောင်းတချို့မှာ ကျောင်းဝင်းထဲ ပေါ်တင်ကျူရှင်ဖွင့်ပြီး မတက်မနေရ တက်ခိုင်းနေ

ရှမ်းပြည်တောင်ပိုင်း လဲချားမြို့ ဟိုနောင်လုံ ရပ်ကွက်တွင်ရှိသော မူလတန်းကျောင်းတက် ကလေးငယ်များကို ပညာရေး ဝန်ထမ်း ဆရာမများက ကျုရှင်အတင်းအဓမ္မ တက်နေရကြောင်း စုံစမ်းသိရှိရပါတယ်။

လဲချားမြို့ ဟိုနောင်လုံ ရပ်ကွက် မူလတန်းကျောင်းမှ (KG) တန်းမှစကာ (၅) တန်းထိ ကျောင်းသူ၊ကျောင်းသားများ ကျောင်းဆင်းချိန်ပြီးပါက အချိန်ပို ဟု ခေါ်ယူပြီး ကျူရှင် အတင်းအဓမ္မ တက်ခိုင်းနေကြောင်း ကျောင်းသား မိဘများက ပြောဆိုနေကြပါတယ်။ “အတန်းတိုင်းဘဲ ကျူရှင်က ကျောင်းခန်းထဲက တက်ရတာ။ ကျူရှင်က မတက်ရင် မရဘူးလို့ တက်ရတယ်။ တစ်လကို ကျူရှင်ခ (၅၀၀၀) ကျပ် ပေးရတယ်“ ဟု လဲချား ကျောင်းသားမိဘ တဉီးက ပြောပါတယ်။

ယခုအချိန်တွင် စားဝတ်နေရေးအတွက် ခက်ခဲနေသည့် ကာလဖြစ်သဖြင့် ကျောင်းကလေးငယ်များကို ကျူရှင်ခေါ်ယူပြီး အတင်းအဓမ္မ တက်ခိုင်းခြင်းသည် မကောင်းကြောင်း၊ ဆရာမများက လုပ်စားနေကြောင်း စတုတ္ထတန်း ကျောင်းသူတစ်ဦး၏ မိခင် ကပြောပါတယ်။

“အခုကာလက စားဝတ်နေရေး အတွက်ခက်ခဲနေတယ်လေ၊ အလုပ်ကလည်း ရှာသလောက် မရှိတော့ဘူး။ ကျူရှင်လခကို တစ်လ (၅၀၀၀) ထောင် ဆိုလည်း အခုကာလနဲ့က များတယ်လေ၊ မတက်ချင်လည်း တက်ရမယ်ဆိုတော့ သူတို့လုပ်စားနေတာဘဲ“ လို့‌ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင်လည်း စစ်ကောင်စီဖွင့်လှစ်သော ကျောင်းနှင့် ဟိုပုံးမြို့ အထက (၁) ကျောင်းမှာ ကျူရှင်ခေါ်ယူခြင်းများရှိပြီး ကျောင်းသား/သူ တစ်ဦးကို မြန်မာကျပ်ငွေ ၂ သောင်းဖြင့် ကျူရှင်များကို ကျောင်းဝန်းအတွင်း သင်ကြားပေးနေကြကြောင်း သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်း ကျောင်းဆရာ/ ဆရာမများသည် ယခုကဲ့သို့ ကျူရှင်သင်ကြားပေးပြီး ငွေတောင်းနေခြင်းသည် စေတနာအရင်းဖြင့် စာသင်ပေးနေသည် မဟုတ်ကြောင်း ကျောင်းသားမိဘများ တစ်ချို့ က သုံးသပ်ပြောဆိုနေကြပါတယ်။

ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာလည်း ကျောင်းဝင်းထဲမှာပင် ပေါ်တင် ကျူရှင်ဖွင့်ပြီး ငွေတောင်းနေတဲ့ ကျောင်းတွေ ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page