အနာဂတ် ပျောက်သွားတဲ့ ပြည်သူတွေနဲ့ ဆိုမာလီယာလိုမျိုးဖြစ်တော့မယ့် မြန်မာပြည်
(ရေးသားသူ – Kyaw Swa Min) လူတွေဟာ ကိုယ့်အနာဂတ်ပျောက်တယ်လို့ စိတ်ကျကိုယ်ကျဖြစ်တဲ့အခါ ကုန်ထုတ်စွမ်းအားက minimum workload ပဲထွက်တော့တယ်။ မသေရုံစားဖို့ပဲအလုပ် လုပ်ကြတယ်။ စီးပွါးရေးသမားတွေအနာဂါတ်ပျောက်ရင် ငွေကိုဖျာအောက်ထိုးထည့်လိုက်ကြရော။
ဒီခေတ်ဟာ အနာဂတ်ပျောက်တယ်၊ ပထမကပ်ရောဂါကြောင့် သေဘေးကို တထိပ်ထိပ် စောင့်ခဲ့ရတယ်၊ နောက် နိုင်ငံ့အာဏာ ရုတ်တရက် ပြောင်းသွားတဲ့ကာလ။
ပင်ပန်းလိုက်ကြတာ။ တော်လှန်ကြသူတွေကော၊ ပြည်သူတွေကော၊ အာဏာထိမ်းချုပ်ချင်သူတွေကော… ညက်ညက်ကို ကြေလို့။ ဒီကာလက ဘယ်လောက်ရှည်မယ် ဘယ်သူမှ မမှန်းတတ်ကြတော့ဘူး။
Ph.D တွေကော၊ မာစတာဘွဲ့ရတွေကော၊ ကျောင်းဆရာတွေကော၊ စာရေးဆရာ၊ ဆရာဝန်၊ ပညာတတ် သတင်း အနုပညာရှင် ဇာတ် မင်းသား အကုန်ဘေးသင့်တဲ့ခေတ်။ ဒီခေတ်ဟာ မိုက်ရင် မိုက်ကြသလောက် ရှည်ကြာမယ့်ခေတ်၊ မိုက်ရင်မိုက်သလောက် သေကြမယ့်ခေတ်။
ကုန်ထုတ်စွမ်းအားက ရုတ်တရက်ထိုးကျ၊ လူတွေက စိတ်ဓါတ်ကျ။ လက်နက်ကိုင်ထားသူတွေက ဒေါသအပြည့်။ ပြည်သူက မြတ်စွာဘုရား တ နေရတယ်။ လူကောင်းတွေ ငြိမ်ကျသွားရတဲ့ခေတ်။ ပြည်သူ နဲ့ အစိုးရကြား အဆက်အစပ်မဲ့သွားတဲ့ခေတ်။
ဒီခေတ်ကြာသွားရင် နိုင်ငံဟာ ideocracy ခေတ် ကို ရောက်သွားမယ်။ A society or group that is controlled by or consists of people of low intelligence (ဉာဏ်နည်းသူတွေ အုပ်ချုပ်တဲ့ခေတ်) တဲ့။ အဲ့လိုခေတ်ကြာလေ နိုင်ငံ ရုန်းမထွက်နိုင်လေပဲ။ လူကနေ မျောက်အဆင့် ပြန်လျောကျသွားတဲ့အခြေအနေပေါ့။
တယောက်ကို တယောက် သေစေချင်တဲ့ခေတ်ဆိုတာ နိုင်ငံတနိုင်ငံမှာ အနှစ်တရာ တခါမပေါ်ဘူး။ ဒီခေတ်ဟာ အဲ့ဒီခေတ်ပဲ။ အာရှတိုက်ထဲ ဆိုမာလီယာလို နိုင်ငံမျိုး သမိုင်းမှာ ပထမဆုံးပေါ်နိုင်တယ်။ စိတ်ကောင်းနှလုံးကောင်းတွေ၊ ပညာတတ်တွေ နည်းနည်း ကျန်နေတုန်း ပြင်ကြပေါ့ဗျာ။ အသက် ဉာဏ်စောင့်တယ်တဲ့။