မြန်မာ့ဘိုးဘွားရိပ်သာတွေရဲ့ အမှောက်ဖက်ခြမ်းနဲ့ အလှူရှင်တွေ ရှောင်ကြဉ်သင့်တဲ့ အမူအကျင့်တခု

ဘိုးဘွားရိပ်သာတွေမှာ ထုံးစံတစ်ခုရှိတယ်။ ထမင်းမစားခင် အလှူရှင်ကို ဆုတောင်းမေတ္တာပို့ပေးတဲ့ ဆုတောင်းရှည်ကြီးကို အဖိုးကြီးအဖွားကြီးတွေက လက်အုပ်ကလေးတွေချီပြီး ဗိုက်ဆာနေတဲ့ကြားက ခွန်အားမရှိတော့တဲ့ အသံတိုးတိုးလေးတွေကို အားစိုက်ပြီး မောနေအောင် ဆုတောင်းပေးကြရရှာတယ်။

ဒါကိုထမင်းလှူတဲ့လူက ပြုံးပြုံးကြီးနားထောင်နေတယ်။ ငါတို့ထမင်းကျွေးတာ ဒီလောက်တော့ပြန်လုပ်ပေးရမှာပေါ့လို့ ယူဆနေကြရော့သလား? ခံယူချက် အမျိုးမျိုးရှိကြမှာပေါ့လေ။ အလှူရှင်တွေက ဒီလိုလုပ်ပေးမှကျေနပ်ကြသတဲ့။

ဒီကိစ္စကိုသတိထားမိတဲ့နောက်ပိုင်း ဘယ်တော့မှဆုမတောင်းခိုင်းတော့ဘူး။ ရိပ်သာအုပ်ချုပ်ရေးမှုးကိုပြောထားတယ်။ ကျွန်တော်လှူရင်ဆုမတောင်းစေနဲ့။ တစ်ခါထဲတန်းဝင်။ တစ်ခါထဲထိုင်စားပဲ။ ကုသိုလ်ရချင်လို့လာလှူတာလဲမဟုတ်ဘူး။ လူသားတစ်ယောက်အနေနဲ့ လောကဝန်ကိုနိုင်တဲ့နေရာက ကြုံသလိုစိတ်ကူးပေါက်သလိုဝင်ထမ်းတဲ့သဘောပဲ။

လိုနေတယ် ထင်တဲ့နေရာကို တခါတလေ ဝင်ဖြည့်တဲ့သဘောပဲ။ မိမိကိုယ်သာ အားကိုးရာပဲ။ သူတစ်ပါးဆုတောင်းပေးစရာမလိုဘူး။ ဗုဒ္စနုတ်ထွက်စကားလို့ ယူဆရတာကိုပဲ တိုက်ရိုက်နာယူတယ်။ အပိုဆာဒါးတွေ စိတ်မဝင်စားဘူး။ ကိုယ့်ကြောင့်သူတစ်ပါးကို ဝန်ပိုစေတာမျိုးမကြိုက်ဘူး။

ဘယ့်နှယ်ဗျာ။ လှူတာက ထမင်းလေး တစ်ဆုပ်နှစ်ဆုပ်။ အသက်၈၀၊ ၉၀တွေက တံတွေးတမျိုမျိုနဲ့ မစားရသေးဘူး။ မောနေအောင်အရင်ဆု တောင်းပေးနေရတယ်။ ပေးတာနဲ့တန်အောင်ပြန်ယူမယ်ဆိုတဲ့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းကတော့ လက်ဖျားခါလောက်တယ်။ (waiPhyoAg)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page