ငါ မအိုသေးဘူးလို့ ပြချင် အမေရိကန်သမ္မတ ဘိုင်ဒင် စက်ဘီးပေါ်က ကျွမ်းပြန်ကျခဲ့

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ဒီလာဝဲလ်ပြည်နယ်၊ ရီဟိုဘို့သ်ဒေသကို စနေ၊ တနင်္ဂနွေ အားလပ်ရက် သွားရောက်ချိန် က ပရိသတ်တွေကို နှုတ်ဆက်ဖို့ စက်ဘီး ရပ်လိုက်ချိန်မှာ စက်ဘီးပေါ်က လိမ့်ကျခဲ့ကြောင်း သိရပါတယ်။

သူက ချက်ချင်းပဲ ပြန်ပြီး မတ်တပ်ရပ်နိုင်ခဲ့လို့ ဒဏ်ရာရခဲ့ပုံတော့ မပေါ်ပါဘူး။ “ငါကောင်းပါတယ် ။ ဘာမှမဖြစ်ပါဘူး ။ ခြေထောက်က ခြေနင်းကွင်းထဲမှာ ညပ်သွားတာပါ” လို့ ဘိုင်ဒန် ၇၉ နှစ် က ပြောပါတယ်။ သူက သတင်းထောက်တွေနားမှာ လဲကျခဲ့တာပါ။

သူ့ စက်ဘီး ခြေနင်းကွင်းတွေကို ဖြုတ်ပစ်သင့်တယ်လို့ စက်ဘီးစီးဦးထုပ်ဆောင်းပြီး စက်ဘီးနင်းခဲ့တဲ့ ဘိုင်ဒန် က ပြောပါတယ်။ စက်ဘီးပေါ်က လိမ့်ကျ ပြန်ထပြီးတဲ့နောက်မှာ သမ္မတက သူ စက်ဘီးစီးတာကို လာကြည့်တဲ့ ထောက်ခံသူတွေနဲ့ မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောခဲ့ကြောင်း သိရပါတယ်။

ဂျိုးဘိုင်ဒန် နဲ့ သမ္မတကတော် ဂျီးလ်ဘိုင်ဒန်တို့က ဒီလာဝဲလ် ကမ်းခြေဒေသမှာ မနက်ပိုင်း စက်ဘီးစီး ထွက်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးက သောကြာနေ့က ၄၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ကို ဖြတ်သန်းခဲ့ကြပါတယ်။ သမ္မတကို ဆေးကုသမှုပေးဖို့ မလိုအပ်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

စနေနေ့ နှောင်းပိုင်းမှာ ဘုရားရှိခိုး‌ကျောင်းတစ်ခုမှာ ဝတ်ပြုဆုတောင်းပွဲက ထွက်လာတဲ့ သမ္မတကို ဘယ်လိုနေသေးလဲလို့ မေးမြန်းချိန်မှာ ဘိုင်ဒန် က ခုန်ဆွ ခုန်ဆွ လေးငါးကြိမ်လုပ်ပြပြီးမှ ကားပေါ်တက်သွားခဲ့ပါတယ်။

“ဆေးကုစရာမလိုပါဘူး”ဟု အိမ်ဖြူတော်အရာရှိတစ်ဦးကပြောပါတယ်။ “သမ္မတကြီးဟာ ကျန်တဲ့ရက်တွေမှာ သူ့မိသားစုနဲ့ပဲ အတူနေပြီး အပန်းဖြေဖို့မျှော်လင့်ပါတယ်”ဟုလည်း အဆိုပါ အိမ်ဖြူတော် အရာရှိကဆိုပါတယ်။

မြန်မာ့ရာဇဝင်ထဲက အလောင်းစည်သူမင်းကြီးလို ငါမအိုသေးဘူးလို့ ပြချင်တဲ့ ဘိုင်ဒင်တယောက်တော့ ဒီအသက်အရွယ်ရောက်မှ စက်ဘီးပေါ်က လိမ့်ကျရတဲ့ အဖြစ်ကို ဖြစ်ခဲ့ရပါပြီ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page