မွန်ပြည်နယ် သထုံမှာ ငွေစက္ကူအတု သိန်း ၈၀ ကျော်ဖမ်းမိ (နယ်တွေမှာ အတော် ပြန့်နေပါပြီ)

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ငွေစက္ကူအတုထုတ်လုပ်သုံးစွဲနေသူတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ယမန်နေ့ (ဇွန်လ ၁၉ရက်) က သထုံမြို့နယ် အောက်ကျင်းရပ်ကွက်၊ ကိုးအိမ်စုလမ်းက မျိုးသန့်ဆိုသူရဲ့ နေအိမ်ကို ငွေစက္ကူအတုတွေထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၅၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၃ ရွက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းဆီးရမိမှုကနေ ထပ်မံစစ်ဆေးရာမှာတော့ သထုံမြို့နယ် သုဓမ္မဝတီမြို့သစ် (က) ရပ်ကွက်က သန်းဝေရဲ့ နေအိမ်ကို ထပ်မံရှာဖွေရာမှာတော့ ငွေစက္ကူအတုထုတ်တဲ့ ပရင်တာတွေ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ၁ သောင်းတန် ငွေစက္ကူအတု ၁၇၁ ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု ၁၂၆၅ ရွက်၊ တစ်ထောင်တန် ငွေစက္ကူအတု ၁၅ ရွက် တို့ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ငွေစက္ကူအတု စုစုပေါင်း တန်ဖိုးမှာ သိန်း ၈၀ နဲ့ ၅ သောင်း ဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တရားခံလေးယောက်ကို ဖမ်းဆီးထားပြီးတော့ ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ငွေစက္ကူအတု သတင်းတွေ သိပ်မကြားရတော့ပေမယ့် ငွေတုလုပ်သူတွေကတော့ အွန်လိုင်းပေါ်မှာရော၊ အပြင်မှာရော အများအပြား ရှိနေတုန်း ဖြစ်ပါတယ်။ လက်ရှိဖမ်းမိတာတွေက အနည်းငယ် အတုထုတ်နေကြသူတွေ ဖြစ်ပြီး ကျပ်သန်းပေါင်းများစွာ အတုထုတ်လုပ်နေတဲ့ လက်ကြီးထုတ်လုပ်သူတွေကို ဘယ်သူမှ မထိရဲမတို့ရဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page