သမိုင်းဝင် ဒေးစွန်ပါစေတီတော်ကြီးပေါ်က ရှက်စရာကောင်းတဲ့ ဖြစ်ရပ် (ဂေါပကတွေ သိသင့်ပါပြီ)

ဟိုးပဲခူးရိုးမတောကြီးရဲ့ တောင်တစ်လုံး ပေါ်မှာ တည်ရှိတယ် ။ အရင်ခေတ် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အချိန်ကတည်းကနေ ခုထိ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတဲ့ အချိန်အထိ သွားဖူးရတာ ခက်ပါတယ် ခဲရာ ခဲဆစ် သွားဖူး ရတယ်။

လမ်းမကောင်းတုန်းကလည်း ခက်သလို ခုလို လမ်းတွေကောင်းလာတော့လည်း စစ်ဆေးရေး အလီလီ ဖြတ်သန်းပြီးမှ သွားဖူးရတာပါ။ ဒီလို ဘုရား ဖူးပြီ ဆိုကတည်းက အားနေ ပျင်းနေလို့ အားအားယားယား လာဖူးကြမယ် မထင်ဘူး ။ ခုလို ခဲရာ ခဲဆစ် လာဖူး မှတော့ သိုက်တွေ စုံညီလှတဲ့ ဤဘုရားကို အေးဆေးတိတ်စိတ်ပီး အာရုံပြု ကုသိုလ်ပြု ဘုရားရှစ်ခိုး ချင်ကြမယ် ဆိုတာ ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ မြေကြီး လက်ခတ် မလွှဲ မုချပြောရဲတယ် ။

ခုဟာ က ဘာလဲ ဘုရား လာဖူးတိုင်း ဖူးတဲ့ သူလာတာ နဲ့ သောကြာဒေါင့်က မဏ္ဌာပ်မှာ အလှူခံ လော်စပီကာနဲ့ မလှူမချင်း အော်တော့တာပဲ (ကိုဗစ်လို အချိန် အိမ်မက် မက်လို့ သွားဖူးတာတောင် အော်လို့မဆုံးဘူး) ကဲ သူတို့အော်လို့ ပီးမှ အာရုံပြုမယ်ဆိုပီး စောင့်နေတာ မပီးတော့ဘူး သင်္ကန်း လှူချင်တာ ရှိချင် ရှိမယ် ပန်းလှူချင်တဲ့ အခါ ရှိချင် ရှိမယ် အဲ့တာကို အချိန်ပြည့်ပြည့် ရွှေသင်္ကန်း ကပ်ဖို့ ဘာညာ ဆိုပီး အော်နေတာ။

ရောက်လာလို့မှ မလှူရင်ပဲ အပြစ်ကြီးတခု လို သတိပေးနေသလိုလို ဘုရားက ငါ ဘုရားကို ရွှေသင်္ကန်းကပ်မှ ကုသိုလ်ထူး မယ် မဟော ထားပါဘူးဗျာ ခုဟာက သိပ်ရှက်စရာ ကောင်းနေပီ ဘုရား နားလည်း သိုက်ချုပ်တွေ သိုက်တွေ ရှိတယ်ဆို မဆုံးမတော့ဘူးလားဗျာ အကြိမ်ကြိမ်ရောက်တိုင်း တခါမှ စိတ်အေးချမ်းမူကို မရဘူး။

ကိုယ်ဘာလှူမလဲဆိုတာ ရည်းစူးထားတာ ကြိုပြင်ဝယ်ယူခဲ့တဲ့ သူတွေ ရှိတယ်ဆိုတာရယ် တကယ်ပဲ အာရုံပြု ကုသိုလ်ယူရှိခိုး ချင်နေတဲ့ ဗုဒ္ဓဘာသာ စစ်စစ်တွေ ရှိတယ် ဆိုတာ သိကြပါစေ ဒီပို့စ်ကို ဖတ်မိကြပီး လော်စပီကာ နဲ့ အော်နေတဲ့ သူတွေ ရှက်ကြပါ လို့ ပြောချင်တယ်။ (Saw Nyi Ye Htut)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page