ဗဟန်းကနေ တို့ဆေးမိပြီး လှည်းကူး ရောက်သွားတဲ့ မိန်းကလေးရဲ့ ဝမ်းနည်းဖွယ် အဖြစ်

ယမန်နေ့ (၂၄-၈-၂၀၂၂) ရက်နေ့ ဗဟန်းမြို့နယ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့ မိန်းကလေးငယ် တဦးရဲ့ တို့ဆေးမိတဲ့ပုံ အဖြစ်အပျက် အပြည့်အစုံကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

တူမလေးပြန်တွေ့ပါပြီရှင် တူမလေးက လမ်းမှာငွေလွဲပေးနေတုန်း ဆေးတို့ပြီး ဝေ့အကောင့် ထဲကပိုက်ဆံကော ဘဏ်နဲ့ချိတ်ထားတဲ့ပိုက်ဆံတွေအကုန်ပါသွားတယ် ပြီးတော့ကလေးကို လှည်းကူးသွားမဲ့ကားပေါ်တင်ပေးလိုက်တာ။

တူမလေးက မနေ့က နေ့လယ် ၁၁ကတည်းက လှည်းကူးကားဂိတ်ရောက်နေတာ တူမလေးကို ကားပေါ်ကနေ ကျောင်းအဆာင်နေမှာမို့လို့ ဆရာမဆီပို့ပေးပါဆိုပြီး ချပေးသွားတယ် တူမကလည်းကြောင်တောင်တောင်နဲ့ဘာမှမပြောတော့ အဲ့တာနဲ့အဲ့နားကသူတွေက ရပ်ကွက်လူကြီးခေါ်ပြီး တူမကို ကျောင်းဆရာမဆီပို့လိုက်တယ်

ဆရာမကလည်း ကလေးကဘာမှမေးမရလို့ အဖေ အမေနာမည်ဘာမှမေးမရ ပြန်မယ်ပဲပြောနေတာမို့လို့ တူမကိုဆရာမက သူ့ဆီခေါ်ထားပေးတာ တူမဆီကမှတ်ပုံတင်တွေ့လို့ ရပ်ကွက်လူကြီးဆီကနေတဆင့် ဇင်တို့အမဝမ်းကွဲ ဆီကို ဒီမနက် အကြောင်းကြားပေး အခုပြန်ခေါ်လာပါပြီလို့ပြောတယ်။

တူမကတော့ ဘယ်လိုပိုက်ဆံပေးလိုက်လဲ။ ဘာလည်း ဘာမှမမှတ်မိဘူးရှင့် ကျန်တာကတော့ နည်းနည်းမှတ်မိလာပြီ ကူညီပေးကြသူအားလုံးကျေးဇူးတင်ပါတယ် အားလုံးလည်း အပြင်သွားရင်ဂရုစိုက်ကြပါနော် မိန်းခလေးတွေ ရော ယောက်ျာလေးတွေကော အပြင်သွားရင်သတိထားကြပါအမျိုးတို့ရေ ခေတ်ကြီးကပျက်စီးသွားပြီ။ (Khine Tha Zin Aung)

လက်ရှိအချိန်မှာ မိန်းကလေးငယ်တွေ ပျောက်ဆုံးမှု များပြားလျက်ရှိပြီး ယခင်ရက်များကလည်း စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မှာ မိန်းကလေး (၂) ဦး ဆက်တိုက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

စမ်းချောင်းက မိန်းကလေးကတော့ ပြန်ရှာတွေ့ခဲ့ပြီး တို့ဆေးမိတဲ့ လက္ခဏာများကို တွေ့ရှိခဲ့ကာ ဖုန်းနဲ့ ပါလာတဲ့ငွေများလည်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်မှာ မုန့်သွားစားရင်း ပျောက်ဆုံးသွားတဲ့ မိန်းကလေးကိုတော့ ဆက်လက် ရှာဖွေနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page