ရန်ကုန်-ပဲခူး ဘတ်စ်ကားလိုင်း (၅) လကြာ ပြေးဆွဲပြီး စီးသူမရှိ၍ ရပ်နားမည်ဟု ကြေညာ

ပြီးခဲ့သည့် ၅လ လောက်ကစပြီး ပြေးဆွဲလျှက်ရှိသည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်း Yangon- Bago Smart City Bus Line By Daewoo Bus အား လာမည့် ဇွန်လ ၁၀ရက်ကစပြီး ခေတ္တရပ်နားမည်ဟု အဆိုပါ ယာဉ်လိုင်းက ယနေ့တွင် အသိပေးလိုက်တာ ဖြစ်ပါတယ်။

စတင်ပြေးဆွဲတဲ့အချိန်မှ ယနေ့ထိ ၅ လအတွင်း ပြည်သူများအဆင်ပြေစေဖို့ အရှုံးခံ ပြေးဆွဲခဲ့ပေမယ့် ယခုအခါ စက်သုံးဆီဈေး ထပ်မံမြင့်တက်လာမှုကြောင့် ရပ်နားလိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၉ ရက်နေ့အထိ ယခင် ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးမည်ဟုလည်းသိရပါတယ်။

ရန်ကုန်- ပဲခူး(ကလိ) အထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀နှုန်းဖြင့် အဆိုပါယာဉ်လိုင်းကပြေးဆွဲပေးနေခြင်းဖြစ်ပါတယ်။ ရန်ကုန်ဂိတ်မှတာဝန်ရှိသူတစ်ဦးက “ပေချ့်မှာ ကြေညာထားတဲ့အတိုင်းပါပဲ။မရပ်ဖို့တော့ ကြိုးစားနေပါတယ်။ပြန်ထွက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အဓိကကတော့ ဆီဈေးရယ်။ စီးနင်းတဲ့သူ နည်းလို့ပါ။ ဆီက အသွားအပြန်တစ်ကြောင်းကို ၁သိန်းခွဲအထိ ထည့်ရတယ်။ စီးတဲ့သူက ၁၅ယောက်၊၂၀လောက်ပဲဆိုတော့ ရှုံးတာပေါ့” လို့ ပြောပါတယ်။

ယာဉ်လိုင်းပြေးဆွဲမှုကို ဇွန်လ ၉ ရက်နေ့အထိ နေ့စဉ် ခရီးစဉ် ၅ ကြောင်း ပြေးဆွဲပေးသွားမှာဖြစ်ပြီး ခရီးစဉ် စ/ဆုံးအတွက် ယာဉ်စီးခအဖြစ် ကျပ် ၂၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီ ဈေးတက်မှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ကုန်ပြီး အဝေးပြေးယာဉ်လိုင်းတွေနဲ့ ဆီသုံးရတဲ့ ယာဉ်လိုင်းတွေ မှန်သမျှ အကုန်အရှုံးပေါ်နေကြပါပြီ။ စက်သုံးဆီဈေး ယခုထက် ပိုတက်လာမယ်ဆိုရင်တော့ မြန်မာပြည်ကြီး တခုလုံး လုံးဝ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page