“ဖက်တီး ဘက်ကန် အဲဗားမှန်” ဆိုတဲ့ စကားကို ပြောင်းလဲပြမယ့် မြောင်ဖက်တီး

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာ့ဘောလုံးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အမှန်အကန် ရေပန်းစားနေတာကတော့ ဘောလုံးကြယ်ပွင့်တွေ ဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို၊ နေမာတို့ မဟုတ်ပါဘူး။ ဘောလုံးပွဲ အနိုင်အရှုံးကို ခန့်မှန်းပေးနေတဲ့ ဖက်တီးဆိုတဲ့ ကြောင်လေးဟာ ဘောလုံးကြယ်ပွင့်တွေထက် မြန်မာပရိသတ်တွေကြားမှာ လူပြောများနေတာပဲ ဖြစ်ပါတယ်။

မြောက်ဖက်တီးက အသင်းနာမည် ၂ ခု ရေးထားတဲ့ အစာပုံ ၂ ပုံထဲက ဘယ်အစာပုံကို စားလဲဆိုတာ ကြည့်ပြီး ခန့်မှန်း ပေးတာ ဖြစ်ပါတယ်။ ယခုဆိုရင် မြောင်ဖက်တီးရဲ့ ခန့်မှန်းချက်တွေဟာ မှန်လွန်းလို့ လူအများအပြားက စောင့်ကြည့်နေရတဲ့ အခြေအနေကို ဖြစ်နေပါပြီ။

ရှေ့ပိုင်းပွဲတွေမှာ လွဲချော်မှု တချို့ ရှိပေမယ့် ရှုံးထွက်ပွဲ အတော်များများကို မြောင်ဖက်တီးက သေချာပေါက် ခန့်မှန်းပေးခဲ့ပါတယ်။ ယမန်နေ့ညကတော့ ဘရာဇီးအသင်းကို ရွေးချယ်ခဲ့တာကြောင့် မြောင်ဖက်တီးကို မေတ္တာပို့သူ အများအပြားကို လူမှုကွန်ရက်တွေမှာ တွေ့နေရပါတယ်။

တိရစ္ဆာန်လေးတွေက ဘောလုံးပွဲမှာ နိုင်မယ့်အသင်းကို ရွေးပေးတဲ့ ဓလေ့ဟာ ယူရို ၂၀၀၈ ပြိုင်ပွဲနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စတင်ခေတ်စားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဂျာမနီနိုင်ငံက ရေဘဝဲပေါလ်က ခန့်မှန်းသမျှ ပွဲစဉ်တွေရဲ့ ၈၅.၇ ရာခိုင်နှုန်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ညမှာ ယှဉ်ပြိုင်မယ့် ပေါ်တူဂီ-မော်ရိုကို၊ ပြင်သစ်-အင်္ဂလန် ပွဲကိုလည်း မြောင်ဖက်တီးက ဘယ်လို ခန့်မှန်းပေးမလဲဆိုတာ ဘောလုံးပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်ကြည့်နေကြပါတယ်။ “ဖက်တီး ဘက်ကန် အဲဗားမှန်” ဆိုတဲ့ ဆိုရိုးစကားကို ချေဖျက်နိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page