“မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းထဲက အဆိုးဆုံး အနက်ရောင် မရဏ ကပ်ဆိုးကြီး”

“မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းထဲက အဆိုးဆုံး အနက်ရောင် မရဏ ကပ်ဆိုးကြီး”

Black Death ကမ္ဘာ့အဆိုးဆုံး ရောဂါကပ်ကြီး ကမ္ဘာမှာကော မြန်မာမှာကော ကြုံခဲ့ပြီးပြီ။ အနက်ရောင်မရဏကပ်ဆိုးကြီးဟာ ၁၃၀၀ ကျော်ခုနှစ်တွေမှာ ဖြစ်ခဲ့တယ်။ ဥရောပနဲ့ အာရှတိုက်မှာ။ ပလိပ်ရောဂါကပ်ကြီး ဖြစ်ပါတယ်။

အတိအကျဆိုရင် ၁၃၄၅ ခု အောက်တိုဘာလမှာ ဥရောပမှာကျရောက်တယ်။ ပင်လယ်နက်ကနေလာတဲ့ သင်္ဘော ၁၂ စင်းပေါ်မှာ သေဆုံးနေတဲ့သင်္ဘောသားတွေ စစ်စလီဆိပ်ကမ်းကို ရောက်လာတယ်။ အဲဒီကစပြီး နောက် ၅ နှစ်အတွင်း ကပ်ရောဂါဆိုးကြီးကြောင့် စုစုပေါင်း လူ သန်း ၂၀ သေဆုံးခဲ့ရတယ်။ ဥရောပမှာ လူ ၃၀% ကနေ ၆၀% သေဆုံးခဲ့တယ်။ တကမ္ဘာလုံးမှာ စုစုပေါင်း သန်း ၃၅၀ ကနေ ၄၇၅ သန်းသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ တရုပ်၊ အိန္ဒိယ၊ ဆီးရီးယား၊ အီဂျစ်စတဲ့နိုင်ငံတွေမှာလည်း ကပ်ဆိုးကြီးကျရောက်တယ်။

အစက ဘာရောဂါလဲ မသိကြသေးပါ။ ဖြစ်တဲ့သူတွေမှာ ဖျားတယ်။ ချမ်းတယ်။ အန်တယ်။ ဝမ်းပျက်တယ်။ နာတယ်။ အကျိတ်တွေပေါက်တယ်။ အနာတွေဖြစ်တယ်။ ပြည်တွေ သွေးတွေထွက်တယ်။ ကူးစက်တယ်။ သေဆုံးကြတယ်။

အဲဒီရောဂါကို Plague ပလိပ်ရောဂါလို့ ခေါ်တယ်။ Yersina pestis ဗက်တီးရီးယားကနေဖြစ်စေတယ်။ စတင်တွေ့ရှိတဲ့ ပြင်သစ်ဆရာဝန် Alexandre Yersin အမည်။ ၁၉ ရာစုကုန်မှသာ သိလာတယ်။ ဥရောပမှာ နောက်တကြိမ်ထပ်ဖြစ်မှသာ သိလာရတာ။

Great Plague လို့လည်းခေါ်တယ်။ ၁၃၄၃ ခုနှစ်မှာ အာရှတိုက်အလယ်ပိုင်းကနေ Silk Road ပိုးလမ်းမကြီးကတဆင့် အရှေ့အာရှကိုရောက်ပါတယ်။ ကြွက်သန်းတွေကနေတဆင့် ကူးစက်တယ်။ Bubonic plague အကျိတ်ပလိပ်သာမက Septicemic plague သွေးပလိပ်နဲ့ Pneumonic plague အဆုတ်ပလိပ်လည်းရှိတယ်။

“တတိယပလိပ်ကပ်ကြီး”

တရုပ်ပြည်၊ ယူနန်နယ်မှာ ၁၈၅၅ ကနေ ၁၈၅၉ မှာဖြစ်တယ်။ အိန္ဒိယမှာလည်းဖြစ်တယ်။ အကျိတ်ပလိပ် အမျိုးအစား ဖြစ်တယ်။ အဲဒီ ၂ နိုင်ငံမှာတင်လူဦးရေ ၁၂ သန်းသေဆုံးခဲ့ပါတယ်။ ၁၉၀၀ ကနေ ၁၉၂၅ အတွင်း သြစတေးလျမှာလည်းဖြစ်တယ်။ အမေရိကတိုက် ဆန်ဖရန်စစ်ကိုမှာ ၁၉၀၀ နဲ့ ၁၉၀၄ အတွင်းမှာဖြစ်တယ်။ ၁၉၀၇ နဲ့ ၁၉၀၈ မှာ ထပ်ဖြစ်တယ်။

တတိယပလိပ်ကပ်ဆိုးကြီးက မြန်မာပြည်မှာ အဆိုးဆုံးသက်ရောက်ခဲ့တယ်။ ကျွန်တော့် အဖေရဲ့မိဘတွေ သေဆုံးတယ်။ ကိုလိုနီခေတ်က ဖြစ်တယ်။ ပလိပ်ကာကွယ်ဆေးတွေ တပြည်လုံးထိုးပေးတယ်။ ကာကွယ်ရေးတွေလုပ်ကြရတယ်။ ကြွက်တွေ ကင်းရှင်းအောင် ကြိုးစားကြရတယ်။ ခက်တယ်။

၁၉၇၇ ခုနှစ်က မြန်မာနိုင်ငံ လှည်းကူးမှာဖြစ်တော့ ၁၄ ယောက်ဖြစ်ပြီး ၂ ယောက်သေဆုံးတယ်။ ကျွန်တော် ၁၉၇၅-၁၉၈၁ မြို့သာမှာ တိုက်နယ်ဆရာဝန်ဖြစ်တော့ ပလိပ်ဖြစ်လို့ ကြွက်နှိမ်နင်းရေး လုပ်ရတယ်။ တအိမ် ကြွက်ဆယ်ကောင် ခွဲတမ်းနဲ့ ရှင်းစေတယ်။ ဘာသာရေးလိုက်စားတဲ့အိမ်တွေလည်း မနေရပါ။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page