အရွယ်လွန် ကစားသမားတွေ ထည့်လည်း ငယ်ကြောက်အသင်းကို ရှုံးခဲ့ရတဲ့ အာရှကြွက်ကြီးအသင်း

ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲမှာ မြန်မာက ထိုင်းအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်မှာ မြန်မာအသင်းက ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့တာပါ။

မြန်မာယူ ၁၉ အသင်းသည် အုပ်စုအဖွင့်ပွဲမှာတော့ အုပ်စုတခုလုံးမှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ဘရူနိုင်းအသင်းကို ၇ ဂိုး ဂိုမရှိနဲ့ နိုင်ထားပါတယ်။

မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းဟာ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဇူလိုင် ၆ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ လူစာရင်းမှာ ၁၉ နှစ်ထက် ကျော်လွန်နေတဲ့ ကစားသမား အနည်းဆုံး (၇) ဦး ခန့် ပါဝင်နေတယ်လို့ ဘောလုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မြန်မာအသင်းဟာ အာဆီယံသက်တမ်း ပြိုင်ပွဲတွေမှာ အရွယ်လွန် ကစားသမားတွေ ထည့်သွင်း ကစားလေ့ ရှိတယ်လို့ နာမည်ကြီး နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page