ကမ္ဘာ့ အကြီးဆုံး အွန်လိုင်းရုပ်ရှင် ဝက်ဆိုက် နက်ဖလစ် ဖြစ်ပေါ်လာရတဲ့ အဓိက အကြောင်းရင်း
၁၉၉၇ ခုနှစ်တွင်တကမ္ဘာလုံးသည် လမ်းထိပ်က ဗီဒီယိုအခွေငှားဆိုင်လေးများကို အားထားကာ အိမ်မှာဗီဒီယိုကြည့်ကြရသည်။
ထိုအချိန်တွင်အများနည်းတူ Reed Hastings ဆိုသူ ဆီလီကွန်ဗယ်လီမှ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်သည် “Apollo 13” အခွေကို ငှားကြည့်လေသည်။
သို့သော်အခွေကို အချိန်မီ ပြန်မအပ်မိရာမှ နောက်ကျကြေးတွေ တနင့်တပိုးကြီးပေးရဖို့ ဖြစ်လာလေသည်။ ဤကိစ္စကို သူ့မိန်းမသိလျှင် အင်မတန်အပွားခံရတော့မည်ကို စိုးရိမ်မိလေသည်။
ဤမိန်းမသိမှာကြောက်သည့်စိတ်မှ သူနှင့်ဘဝတူ လူတွေ ဤအဖြစ်မျိုး မကြုံအောင် မည်သို့လုပ်ရမည်နည်းဟုအဖြေရှာမိသည်။
အိမ်မှ ဗီဒီယိုအငှားဝက်ပ်ဆိုက်ကိုဝင်ကာ ဗီဒီယိုငှားလို့ ပြန်ပေးလို့ရလျှင် ဤအဖြစ်မျိုးမှလွတ်မည်ဟုတွေးမိသည်။
အနှီမိန်းမကြောက်သူတစ်ယောက်ကျေးဇူးဖြင့် ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်အွန်လိုင်းကြည့်လို့ရသည့် နက်ဖလစ် ပေါက်ဖွားလာလေသတည်း။
ကောင်းလှောင့်တေး။ ကောင်းလှောင့်တေး။ (မယုံလျှင် ပုံပြင်လို့ မမှတ်နှင့်။ တကယ့်ဖြစ်ရပ် ဖြစ်သည်။ စွန့်ဦးတီထွင်သူ (Entrepreneur) တစ်ယောက်ဖြစ်စေရန် ပြင်းထန်သော တွန်းအားနှင့် မိုတီဗေးရှင်းလိုသည် မဟုတ်ပါလား)
Richard Myo Thant
11-January -2022