နေအတုနဲ့ လအတုကို အောင်မြင်စွာ တီထွင် ဖန်တီးနိုင်တော့မယ့် တရုတ်နိုင်ငံ

​နေအတု နှင့် လအတု ဖန်တီးမည့် တရုတ်နိုင်ငံ

Artificial ကို မြန်မာလို “အတု” လို့ ဘာသာ ပြန်ဆိုကြ​ပေမဲ့.. Artifact ကို​တော့ “လက်လုပ်ပစ္စည်း” (တနည်း) “လူလုပ်ပစ္စည်း” လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တရုတ်နိုင်ငံမှာ ယခုဆိုလျှင်ဖြင့် ​နေ နဲ့ လ ကို အတု (တနည်း) နည်းပညာဖြင့် ဖန်တီး ရယူ​နိုင်နေပြီ ဖြစ်ပါတယ်။

လအတုဆိုတာ တကယ့် လ အရွယ်အစား​လောက်ကြီး လ အတုကို ဆိုလိုခြင်းမဟုတ်ပါ။ သံလိုက်စက်ကွင်းကို အသုံးချပြီး ​မြေဆွဲအားကို ​လျော့ပါး​အောင် ပြုလုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် နှစ်​ပေသာသာ အကျယ်​လောက်ရှိတဲ့ ​လေဟာနယ် အခန်းတစ်ခုထဲမှာ ​မြေဆွဲအားမရှိ​အောင် ဖန်တီးလုပ်ယူ ထားပါတယ်။

ထိုအခန်းထဲကို ​ကျောက်သားများထည့်သွင်းပြီး လ မျက်နှာပြင်နဲ့ တူ​အောင် ပြင်ဆင်ထားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်က​တော့.. ​မြေဆွဲအားနည်းတဲ့ လ မျက်နှာပြင် မှာ စမ်းသပ်မှု​တွေ မပြုလုပ်ခင်.. ​ကြိုတင်လေ့လာ​တွေ့ရှိချက်​တွေ စမ်းသပ်နိုင်ရန်ဖြစ်ပါတယ်။ မကြာမီမှာ လကမ္ဘာကို လူသားတို့ ​ခြေချ​နေထိုင်နိုင်ကြ​တော့မှာပါ။

​နေအတုအတွက်ကို​တော့.. တရုတ်၊ အ​မေရိကန်၊ ရုရှား၊ ဂျပန် နဲ့ ​တောင်ကိုးရီးယားမှ ပညာရှင်များစု​ပေါင်းကာ ​ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး တီထွင်ဖန်တီး​နေကြတာ ဖြစ်ပါတယ်။ ပလာစမာ အဏုမြူဓါတ်​ပေါင်းဖိုကြီးနဲ့ ​နေထက် ငါးဆ​လောက်ပူပြင်းတဲ့ အပူစွမ်းအင်ကို ၁၇ မိနစ်ကြာ ရယူနိုင်​နေပါပြီ။ လက်ရှိသုံးစွဲ​နေကြတဲ့ နယူကလီးယား ဓါတ်​ပေါင်းဖိုများ​နေရာမှာ ပိုမိုသန့်စင်တဲ့ ​နေ စွမ်းအင်ကို အစားထိုး သုံးစွဲလာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ (ပုံ)

​နေဟာ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံတို့ နယူကလိယ ဓါတ်ပြု​ပေါက်ကွဲ​နေတဲ့ ဓါတ်​ငွေ့​ဘောလုံးကြီးဖြစ်ပါတယ်။ အဆိုပါဓါတ်ပြုခြင်းမှ ထွက်လာတဲ့ အပူ နဲ့ အလင်းစွမ်းအင်ကို ကမ္ဘာအပါအဝင် ဂြိုဟ်​တွေက အသုံးပြု (မှီခို) ကြရပါတယ်။

​နေ အတုဟာ ကျ​နော်တို့ရဲ့ မိခင် ​နေ ရဲ့ ​​နေရာကို အစားထိုးမှာ မဟုတ်ပဲ သန့်စင်တဲ့ (တနည်း) ဖန်လုံအိမ်ဓါတ်​ငွေ့ စွန့်ထုတ်မှု နည်းပါးတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာရန်သာ ရည်ရွယ်ပါတယ်။ အနာဂတ်ကမ္ဘာကြီး ​ရေရှည်တည်တံ့ပြီး သာယာလှပဖို့ တိုးတက်လာတဲ့ အသိပညာ အတတ်ပညာတို့နဲ့ လူသားတို့ ကြိုးစားပြင်ဆင်သွားရမှာပဲ ဖြစ်ပါ​တော့တယ်။

အနာဂတ်ပညာ​ရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page