နေ့မြင် ညပျောက် မြန်မာ့ကားဈေးကွက်နဲ့ showroom ကားစီးသူတွေ မျက်ရည်ကျရမယ့်အဖြစ်

(ကားစျေးတက်မလား၊ ကျမလား) ယနေ့ဖြစ်နေသော ကားစျေးက စျေးအမြင့်နဲ့ဝယ်စီးထားတဲ့ Showroom ကကားတွေအကုန်ရှုံးမှာပါ ၇၀ ရာခိုင်နှုန်း အရှုံးတွက်ပြီးမှ ဝယ်စီးကြပါ။

အရင်က showroom ကားတွေ ၂၀၀ နဲ့ ၃၀၀ ကြားကားတွေက ခုချိန်မှာ ၅၀၀ နဲ့ ၆၀၀ တွေဖြစ်လာတယ်။ ဂျပန်ကားဟောင်းတွေက တက်လာလိုက်တာ အရင်က ၁၂၅ လောက်ကားက ၂၀၀ ကျော်ထိ စျေးခုန်တက်လာတယ်။

အဲ့တော့ ဘာဖြစ်မလည်းဆိုတော့ တချက်က ကားတကယ်လိုအပ်တဲ့သူဆို ကားရှိမှဖြစ်မှာမလို့ ဝယ်စီးမယ်ဆို ခုချိန်မှာ ဘီးတပ်လို့ ရရင်ပြီးကောဆိုတဲ့ ၁၀၀ ပတ်ချာလည် ၁၄၀ မကျော်တဲ့ကားတွေသာ စဉ်းစားသင့်တယ် ဘာလို့လည်းဆိုတော့ စျေးတက်လည်း တက်၊ စျေးကျလည်း ၃၀လောက် အပြင်ပိုမဆုံးဘူး။ ဆုံးတဲ့ငွေကလည်း စီးရတာအမြတ်ပါ။

showroom ကကားတွေ ဇီးရိုးကီလိုနဲ့ ဝယ်စီးရင်သေချာပေါက် အများကြီးနစ်နာနိုင်ပါတယ် ကားစျေးကွက်က သူဟာနဲ့သူ ရှိပြီးသားပါ ခုချိန်မှာ ဇီးရိုး ကီလိုနဲ့ဝယ်ထားသူတွေ ကားသစ်စီးပြီးအမြတ်ရနေတာ မြန်မာပြည်မှာပဲရှိတာပါ စိတ်ကူးမှားရင် ငွေတန်ဖိုးပြောင်းလဲလာရင် အောက်ခြေလူတန်းစားကားဝယ်စီးသူတွေ နစ်နာနိုင်ပါတယ်။

အကြံပေးချင်တာကတော့ ကားလည်းမပျောက် အဆုံးရှုံးလည်းနည်းချင်ရင် မစွန့်စားသင့်ပါဘူး မြန်မာပြည်မှာ ကားစျေးကွက်က ဘာမှပုံသေမရှိဘူးနော် ဒီနေ့မနက်ဖန်တောင် မတူဘူး သိန်း ၅၀၀ ကျော်၆၀၀ သုံးပြီး ဇီးရိုးကီလို စီးတဲ့သူများ သတိထားကြပါ ကားစျေးက တက်ပြီးရင် တဆုံးပြန်ဆင်းတယ်နော် အဲ့တချက်မမေ့ကြနဲ့

အမြင်မတူသူများလည်း ဆော်ရီးပါခင်ဗျာ ဒီနေ့ ဟော့နေတဲ့ ဝပ်သောက်ကားလိုင်စင်မပေးတာက ခုမှမဟုတ်ပါဘူး အရင်ကတည်းပါ ဖမ်းဆီးထိန်းသိမ်းကားတွေသာ လေလံပစ်ပြီးလိုင်စင်ပေးတာပါ အဲ့လေလံကားတွေက ခုခေတ်က အရင်ခေတ်နဲ့မတူတော့ပါဘူး ဖမ်းထားတဲ့ကားတွေ သွားကြည့်လိုက်ပါ အရင်ခေတ်လို စုတ်ပြတ်သတ်နေတဲ့ကားကနည်းပါတယ် နယ်စပ်တွေကဝင်လာတဲ့ တရားမဝင်ကားတွေ မှောင်ခိုကားတွေဖမ်းထားတာ အောက်ကားကနေ အပေါ်ကားထိ ရှိပါတယ်။

တကယ်လို့သာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လေလံတင်ဒါ လုပ်ပြီဆိုရင် ကားစျေးကွက် ဘာဖြစ်မလဲ ကားတင်ဒါက သေချာပေါက်ကိုလာမှာ ခုချိန်မှာက ကားတင်ဒါက နိုင်ငံတော်အတွက် ငွေရပေါက်လမ်းတခုဖြစ်နေလို့ အနှေးအမြန်ပါပဲ Lot နံပါတ်တွေထွက်လာခဲ့ရင် ကားစျေးကွက်က အများကြီးပြောင်းလဲသွားနိုင်တယ်လို့ ဆွေးနွေးပါရစေ (BFBM- Car Knowledge)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page