မြန်မာပြည်က ရှိသမျှ ရထားလက်မှတ်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းတက် (မတက်တာဆိုလို့ လစာပဲ ရှိတယ်)

လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ ဈေးနှုန်းတွေကို ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ကပြောပါတယ်။

ဇူလိုင် ၁ ရက်ထွက်မယ့် ရထားလက်မှတ်တွေကို ဇွန် ၃၀ ရက် ရက်ကြိုရောင်းကတည်းက တိုးမြှင့်နှုန်းထား အသစ်နဲ့ စတင်ရောင်းချနေပြီဖြစ်တယ်လို့လည်း ဦးသောင်းထိုက် ကပြောပါတယ်။

အဝေးပြေးရထားလက်မှတ်ခနှုန်းထားတွေ ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်တဲ့အထဲမှာ မြို့ပတ်ရထားလက်မှတ် ဈေးနှုန်းတွေလည်းအပါအဝင်ဖြစ်တယ်လို့ ဦးသောင်းထိုက်ကပြောပါတယ်။

အဲဒီအပြင် အရင်က ရန်ကုန်-မန္တလေး ပြေးဆွဲခဲ့ပြီး ခေတ္တရပ်နားထားတဲ့ အမှတ်(၅)အဆန် အမှတ်(၆)အစုန် အမြန်ရထားနဲ့ အမှတ်(၈၁) အဆန်၊ အမှတ်(၈၂) အစုန် ရန်ကုန်-မော်လမြိုင် အမြန်ရထားတို့လည်း ပြေးဆွဲပေးနိုင်ဖို့ရှိနေတယ်လို့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် ကပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် အဝေးပြေးလိုင်းကားခတွေ တက်နေစဉ်မှာပဲ အခြေခံလူတန်းစားတို့ အားကိုးရာ ရထားလက်မှတ်တွေပါ ဈေးတက်ကုန်တာ ဖြစ်ပါတယ်။ အထွေထွေ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ ယခုလိုအချိန်မှာ ဘယ်တော့မှ တက်မလာဘဲ ငြိမ်ချက်သား ကောင်းနေတဲ့ အရာကတော့ လုပ်ခလစာတွေပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page