အဆိုးဝါးဆုံး အဆင့်ရောက်နေတဲ့ ရန်ကုန်လေထုအရည်အသွေး (အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေပါပြီ)
ဒီနေ့ ရန်ကုန်ရဲ့လေထု အရည်အသွေးဟာ ကမ္ဘာမှာ အဆိုးဝါးဆုံးလို့ သတ်မှတ်ထားတဲ့ စံနှုံးထက်တောင် ပိုနိမ့်ကျ နေတယ်။
အဆုတ်မကောင်းသူများ၊ ရင်ကြပ်ရောဂါရှိသူများ သတိထားကြပါ။ အလွန်အန္တရာယ်များမယ်။ mask တပ်ပါ၊ အိမ်တံခါးတွေပိတ်ထားပါ။ အဲကွန်း ဖွင့်ထားပါ။
ဒီလိုအခြေအနေမျိုးမှာ တမြို့လုံး မီးကိုအပြည့်ပေးထားပြီး မီးစက်တွေ၊ ထင်း၊ မီးသွေးမီးဖိုတွေ မသုံးကြမှ လေထု ပြန်လည် တိုးတက်လာနိုင်မယ်။ (Kyaw Swa Min)
“ကြည့်မြင်တိုင် စမ်းချောင်း နဲ့ကမာရွတ် ဆင်မလိုက်အဝေးပြေးဝန်းကျင်မှာ မီးခိုး လိုလိုမြူလိုလိုအငွေ့ တွေနဲ့ မှိုင်းဝေနေတာပဲ။ ခြင်ဆေးဖျန်းထားသလို မီး လောင်နေသလိုကြီးပဲ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ လမ်းပေါ်လုံးဝ မထွက်သင့်တဲ့ အဆင့် ဖြစ်နေကြောင်း၊ ပြည်သူများအနေနဲ့ အိမ်ထဲမှာသာ နေသင့်ကြောင်း ပညာရှင်တွေက အကြံပြုထားကြပါတယ်။