ရန်ကုန်မှာ နေတဲ့သူတိုင်း သိထားသင့်တဲ့ YBS ပေါ်က ခါးပိုက်နှိုက်တွေရဲ့ နည်းဗျူဟာများအကြောင်း
ရန်ကုန်မှာ လတ်တလော အဖြစ်များနေတဲ့ ခါးပိုက်နှိုက်မှု ဖြစ်စဉ်တွေကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ သိရပါတယ်။ ရန်ကုန် YBS ပေါ်က ခါးပိုက်နှိုက်တွေရဲ့ နည်းဗျူဟာတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်-
ရန်ကုန်မှာနေပြီး ဝိုင်ဘီအက်စ် စီးရတဲ့သူတိုင်း မဖြစ်မနေ သတိထားရမယ့် အရာကတော့ (ခါးပိုက်နှိုက်) ပါပဲ။ ၂ ကြိမ် ခါးပိုက်နှိုက်ခံရတဲ့ အတွေ့အကြုံအရ ခါးပိုက်နှိုက်အများစုက ကျောပိုးအိတ် (သို့) ဘေးလွယ်အိတ်အကြီးတွေ ပါတတ်တယ်။
အိတ်နဲ့ ကွယ်နှိုက်ရအောင် နေရာအတည်တကျ ဘယ်တော့မှမနေဘူး။ လူကျပ်တဲ့ နေရာတွေကို လိုက်ကပ်တယ်။ တစ်ယောက်ထဲ လာတာနည်းတယ်။ အဖွဲ့လိုက် လာတာများတယ်။
ဆင်းမလိုလိုနဲ့ ရှေ့က လူကို သူ့ဆီအာရုံ ရောက်အောင် (ဥပမာ၊ ဆင်းတော့မလား မေးပြီး) ဘေးကတစ်ယောက်ကနှိုက်တယ်။ မျက်လုံးက ဘယ်တော့မှ အငြိမ်မနေဘူး။ ကားပေါ် တက်လာတဲ့လူတွေကို လိုက်ကြည့်နေတယ်။ နှိုက်လို့ ရသွားပြီဆိုတာနဲ့ မီးပွိုင့် (သို့) ရောက်တဲ့မှတ်တိုင်ဆင်း ပြေးတော့တာဘဲ။
အရမ်းမြန်ပြီး ဘယ်ပျောက်သွားမှန်းတောင် မသိဘူး။ လိုက်ခဲ့ဖူးတယ်။ တွေ့တဲ့ တက်စီ ငှားပြီး ပြေးတာတွေလဲပါတယ်။ ခုနောက်ပိုင်း ကိုယ်တော့ သတိတအားထားဖြစ်လို့ ခါးပိုက်အနှိုက်မခံရပေမယ့် နေ့တိုင်းလိုလိုခံရတဲ့ သူတွေကို တွေ့လာလို့ သတိထားရအောင် ပြောပြပေးတာပါရှင့်။ အားလုံးပဲ ခါးပိုက်နှိုက်ရန်မှ ကင်းဝေးနိုင်ကြပါစေ။ (Thwel Thwel)