အဆိုတော် ရသ၊ ဆိုတေး၊ D ဖြိုးနဲ့ အခြားသူများ စကစဂုဏ်ပြုပွဲမှာ သီချင်းဆိုပေးတဲ့စာရင်း ပေါက်ကြား

ယနေ့ အွန်လိုင်းပေါ်မှာ ပေါက်ကြားလာတဲ့ စာရင်းတခုကတော့ (၇၇) နှစ်မြောက် စစ်တပ် ဂုဏ်ပြုပွဲမှာ သီဆို ဖျော်ဖြေပေးကြတဲ့ အနုပညာရှင် တနည်းအားဖြင့် ‌ေ-ာမ အဆိုတော်တွေရဲ့ စာရင်းပဲ ဖြစ်ပါတယ်။

အဲဒီစာရင်းမှာ တချို့တွေကတော့ ပေါ်ပေါ်ထင်ထင် “မ” နေကြတဲ့သူတွေ ဖြစ်ပြီး တချို့ကတော့ ကျိတ်”မ” နေကြတဲ့သူတွေ ဖြစ်ပါတယ်။ အခုကျတော့မှပဲ ထင်ထင်ရှားရှား ကိုယ်ထင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ် ဂုဏ်ပြုပွဲမှာ သီဆိုပေးတဲ့ အဖြူရောင် ‌ေ-ာမ အနုပညာရှင်တွေကတော့ ကေတုဝင်းထွဋ် (သက်ကြီး‌”မ”)၊ ရွှေယမင်းဦး (ခြေသလုံးအိမ်တိုင်)၊ ယဉ်ဝေယံထွန်း (မြန်မာသံကော်ပီ “မ”)၊ ဦးခင်မောင်ကြီး (GL)၊ လီလီနိုင်ကျော် (ရိုးရာမပြတ်”မ”)၊ (တက္ကသိုလ်လဲ့လဲ့ (အချိန်မစီး)၊ သန်းမြတ်စိုး (ဆံပင်တု)၊ အမေများအဖွဲ့ (အဖြူရောင် GL)၊ ဟာသပညာရှင်များ (ဒိန်းဒေါင်အောက်ဆွဲ)၊ အိအိချွန် (မြန်မာသံနဲ့ တဆုံး”မ”)၊ သက်မှူးခင် (ရှင် မတောင်နဲ့ ထုရင်း”မ”)၊ တင်ဦးလေး (အဆုံးမ GL)၊ ယဉ်လက် (တပိဿာ)၊ စုလင်းရှိန် (ရတဲ့နေရာက “မ”)၊ ရသ (ကွဲပြဲရင်း”မ”)၊ ဂျင်းနီ (“မ”သက်ရှည်)၊ ဆိုတေး (ရွှေပျောက်”မ”)၊ D ဖြိုး (ဆွေးရင်းနဲ့”မ”)၊ ဝီလျံ (တိတ်တခိုး”မ”)၊ သဉ္ဇာမြင့်မိုရ် (အောက်ဖဲလှန်ရင်း”မ”)၊ ယုန်လေး (“မ”ဂန်းစတား) တို့ ဖြစ်ကြပါတယ်။

အဆိုပါ အနုပညာရှင် တချို့ကတော့ ပိုက်ဆံပေးလို့ ဆိုပေးရတယ်လို့ မိုးကြိုးပစ် ထန်းလက်ကာပြီး ပြောကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ အတွင်းစိတ် သဏ္ဍာန်ကတော့ အငမ်းမရကို “မ” ချင်နေတယ်ဆိုတာ သိသာ ထင်ရှားလွန်းနေပါတယ်။

အဲဒီစာရင်းမှာ ပါဝင်တဲ့ လူတချို့ကိုတော့ ပြည်သူတွေက ဘွိုင်းကောက် လုပ်ပြီးသား ဖြစ်ပါတယ်။ အခုမှ ထပ်သိရတဲ့သူတွေကိုတော့ ထုံးစံအတိုင်း လုပ်စရာ ရှိတာ ဆက်လုပ်ပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page