မြဝတီတွင် တသောင်းတန် ငွေစက္ကူအတု ၁၇၅ သိန်းဖိုး ဖမ်းမိ (ရာခိုင်နှုန်းနဲ့ ငွေလဲသူတွေ ဂရုစိုက်ကြပါ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ မေတ္တာလမ်းမကြီးနှင့် အေးသာယာလမ်းထောင့်ရှိ စားသောက်ဆိုင်မှာ ငွေစက္ကူအတုများဖြင့် လာရောက်စားသောက်နေတယ်လို့ သတင်းရတဲ့အတွက် မြဝတီမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းမှာ သွားရောက်ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ ရီခန့်က စားသောက်ဆိုင်ရှေ့တွင် မြဝတီမြို့နေ ဇော်လွင်(ခ)အော်ကြီး(၂၆)နှစ် လွယ်ထားတဲ့ အိတ်အတွင်းမှ ပလပ်စတစ်ဖြင့်ထုတ် ထားတဲ့ တစ်သောင်းတန်ငွေစက္ကူအတု ၁၄၉၆ ရွက်နှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရပါတယ်။

အဆိုပါစားသောက်ဆိုင်တွင် သုံးစွဲခဲ့တဲ့ တစ်သောင်းတန်ငွေစက္ကူအတု ၄ ရွက်အား စားသောက်ဆိုင်မှ ကနေ သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇော်လွင်(ခ)အော်ကြီး နေထိုင်သည့် အောင်ဒီပါလမ်းရှိ နေအိမ်တန်းလျား၏ အခန်း(၁၂)အား ညနေ ၅ နာ ရီခန့်၌ ဝင်ရောက်ရှာဖွေရာ တစ်သောင်းတန်ငွေစက္ကူအတု ၁၅၀ ရွက်၊ မပိုင်းဖြတ်ရသေးသည့် တစ်သောင်းတန်ငွေစက္ကူအတု ၁၀၀ ရွက်နှင့် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ ငွေစက္ကူအတုများပြုလုပ်ရာတွင် ပူးပေါင်းပါဝင်သည့် အောင်ဒီပါလမ်း နေအိမ်တန်းလျား အခန်း (၁၃) နေ အောင်မြင့်သန်း (၃၃) နှစ်နှင့် ထွန်းမြင့်သန်း (၃၅) နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ငွေစက္ကူများ ရိုက်ထုတ်မှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်မှာ ယခုလို ငွေစက္ကူအတုများ ဖမ်းမိခြင်းကြောင့် ဈေးကွက်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်နိုင်ပါတယ်။

ရာခိုင်နှုန်းဖြင့် ငွေလဲသူများ၊ ငွေစက္ကူအများအပြားဖြင့် အရောင်းအဝယ် ငွေချေ ငွေရှင်းကြသူများ အထူးသတိပြု ဂရုစိုက်ကြပါလို့ အကြံပြုလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page