ရန်ကုန်မှာ ၄.၉ အဆင့် ငလျင် လှုပ်၊ ကိုကိုးကျွန်းမှာ (၂၄) ကြိမ်လှုပ်၊ ငလျပ်ထပ်လှုပ်နိုင်ချေရှိဟုဆို

၅.၇.၂၀၂၂ ယနေ့အန်ဒမန်ပင်လယ်အခြေအနေ၊ ၈ နာရီအချိန်အတောအတွင်း နီကိုဘားကျွန်းများနှင့် အန်ဒမန်ပင်လယ်ပြင်အောက်ကို ဗဟိုပြုပြီး ၅.၀ အောက်ငလျင်ငယ်များ ၂၄ ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ပါသည်။

ရန်ကုန်မြို့မှလည်း ယနေ့မနက် ၇:၃၉ နာရီအချိန်တွင် ၄.၉ အဆင့်ငလျင်လှုပ်ရှားမှုအား သိသိသာသာ ခံစားခဲ့ကြရပြီး တစ်မြိုံ့လုံးတုန်ခါမှုဖြစ်ပေါ်ခဲ့သည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံတောင်ပိုင်းက Myanmar micro plate မှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တက်ကြွမှုအရှိဆုံးကာလဖြစ်နေသောကြောင့် ဆက်လက်ပြီးအထူးသတိပြုနေထိုင်ကြပါရန် လိုအပ်သည်။ မိဘပြည်သူများဘေးကင်းကြပါစေ။ (မြေငလျင်သတင်းများစင်တာ)

အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီနေ့ဇူလိုင် ၅ ရက်မနက် ၈ နာရီမထိုးခင်မှာ လှုပ်ခတ်သွားတယ်လို့ ငလျင်လှုပ်တာကိုခံစားသိရှိသူတွေက လူမှုကွန်ရက်မှာပြောနေကြပါတယ်။ ဒီလှုပ်ခတ်မှုကို သာကေတ၊ အင်းစိန်၊ စမ်းချောင်း၊ ကမာရွတ် စတဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်နေသူ အတော်များများ သိရှိလိုက်ကြတယ်လို့ သိရပါတယ်။

ငလျင်လှုပ်သွားတာ လန့်တောင်သွားတယ်။ အိမ်အပေါ်ထပ် ဘယ်သူပြေးနေသလဲလို့တောင်ထင်တာ အတော်လေး သိသာပါတယ်။”လို့ မြောက်ဥက္ကလာပ မြိူ့နယ်မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်တိုင်းဒေသကြး အတွင်းရှိ မြို့နယ်အများစုတွင် သိရှိခံစားလိုက်ရခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင် လှုပ်ခတ် တုန်ခါမှုဒဏ်ကို ပိုမို သိရှိခံစားလိုက်ရတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

“တိုက်ကိုရမ်းသွားတယ် ၂ ချက် ၃ ချက်လောက် ငလျင်လှုပ်တာပါ၊ ကျနော်ကအိပ်ယာကအထ ငလျင်က လှုပ်တာ အတော်လေးတောင်လန့်သွားတယ်။ ကျနော်တို့ ယုဇနတိုက်တွေကသိပ်မကောင်းတော့ ငလျင်ဒဏ်တို့ သဘာဝဘေးဒဏ်တို့ဆိုရင် ကြောက်ရပါတယ်။”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

မြေငလျင်သတင်းစင်တာ၏ ထုတ်ပြန်ချက်အရ ယနေ့မနက် လှုပ်ခတ်သောမြေငလျင်သည် ရန်ကုန်မြို့မှလည်းမနက် ၇ နာရီ ၃၉ မိနစ်အချိန်တွင် ၄.၉ အဆင့်ငလျင်လှုပ်ရှားမှုအား သိသိသာသာ ခံစားခဲ့ကြရပြီး တစ်မြိုံ့လုံးတုန်ခါမှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတောင်ပိုင်းက Myanmar micro plate မှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တက်ကြွမှုအရှိဆုံးကာလဖြစ်နေသောကြောင့် ဆက်လက်ပြီးအထူးသတိပြုနေထိုင်ကြပါရန် လိုအပ်တယ်လို့ မြေငလျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ၏ မိုး/ဇလဌာန ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင်လ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်မြို့(လှိုင်မြို့နယ်)၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page