နတ်ပွဲနဲ့ အထက်လမ်းအောက်လမ်း ပယောဂပွဲတွေမှာ ဂျင်းထည့်နေကျ နည်းလမ်းများအကြောင်း

နတ်ပွဲတွေမှာ လိမ်ပုံလိမ်နည်းများကိုဗဟုသုတရအောင်လို့ တင်ပေးလိုက်ပါတယ်။ အလိမ်ခံနေရတဲ့ လူတွေအများကြီးရှိနေပါသေတယ်။ လိမ်တဲ့သူတွေက ပီပြင်ပါတယ်။ နတ်ဘုရားဖန်ဆင်သလိုမျိုးအထိ ပုံပေါ်အောင်လိမ်နေကြတာပါ။

အောက်လမ်းလိုလို မှော်ပညာလိုလို လိမ်နည်းတွေက မယုံဘဲ မနေနိုင်အောင်သေချာနေလို့ မသိနားမလည်တဲ့သူတွေအဖို့ ယုံနေကြတာ မဆန်းပါဘူး။ လူလိမ်တွေနဲ့ တွေတဲ့အခါ အယုံမမှားစေဖို့ အောက်ပါ နည်းလမ်းတွေနဲ့ လူလိမ်တွေလုပ်စားနေတာကို အများပြည်သူသိစေဖို့ မျှဝေပေးလိုက်ပါတယ်။ အရှင်ဇာဂရမနောမြေ ၏ စာမူပါ။ မယုံမရှိနဲ့ ။စမ်းကြည့် လိမ်နည်း တွေပါပဲ။

(၁) မီးရဲရဲပေါ် လမ်းဖြတ်လျှောက်ရန် ကျောက်ချဉ်ရယ် သဲဆပ်ပြာ/ရွှေဝါဆပ်ပြာ ဆတူ/အမျှဖျော် ။လိမ်း။လိမ်းထားတဲ့နေရာမှန်သမျှ မီးမဟပ် /မီးမပူ။ (၂) ထုံးကို အရုပ်စုံ ထုလုပ်ထား ။ ကျီးကန်းသည်းခြေကို ကြိမ်လုံးထိပ် သုတ်လိမ်းပြီး ထုံးရုပ်ကို တို့လိုက်တာနဲ့ မီးထတောက်၏ ။

(၃) နှင်းဆီပန်းကို အညှာဖြုတ် ။ အပ်နဲ့ အပ်ချည်ကိုပြဒါးစိမ် ။ တွဲလျှက်သား အပ်ချည်ပါ အပ်ကို ပန်းဖင်မှာထိုးထား ။ ပန်းထိပ်ကို ပြဒါးသုတ် ။ အပေါ်က ကြေးလင်ပန်း ထား တီးကြည့် ။ ထိုပန်း ထကမည် ။ (၄) နို့ဆီဗူးကို အပေါက်မဖောက်ပဲ ကုန်တာဟာ နတ်ဘုရား တန်ခိုးကြောင့် မဟုတ်ပါ။ ပြဒါးကြောင့်ပါ။ သံနဲ့ ပြဒါး ဓာတ်ပြုမြဲမို့ သုတ်လိမ်းထားပြီး များမကြာမီ ပူလာပြီး အငွေအဖြစ် ပြောင်းလဲသွားသဖြင့် နို့ဆီများ ပျောက်သွားတတ်ပါသည်။

(၅) ပုလင်းတွေ ဖန်ခွက်တွေ ဝါးတဲ့နည်းပါ ။ ဒါကတော့ ဟင်းနုနွယ် ဆူးပေါက်ရိုးနီပင်ပဉ္စငါးပါးနဲ့ မျက်လှည့်ပြမည့် ဖန်ပုလင်းတွေကို ၇ ပတ်ပြုတ်။ ဝါးမဲ့သူကလဲ အစာမခံထားဘဲ ၇ ပတ်တိုင် ၄င်း ဟင်းနုနွယ်သတ္ထုပြုတ်ရည်သောက်။ စား ပြီးမှ ဝါးရပါတယ်။ ပြုတ်သားဝနေမှသာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားစမြဲပါ ။ လျှာ/အာ ထိခိုက်ပွန်းပဲ့ နာကျင်ခြင်းမရှိတာ ဒီနည်း ဖြစ်ပါတယ် ။

(၆) မသိုးထမင်း မသိုးထမင်း ကြားဖူးမပေါ့ ။ ထွေထွေထူးထူးတော့ မထူးပါဘူး ။ အထားခံနိုင်အောင် ချက်ထားတာပါ ။နတ်သုဒ္ဒါနဲ့ နှိုင်းရတဲ့ထိ ၃ရက်တာ မသိုးအောင် စီမံထားနည်းလေးပါ ။ ထမင်းကို တောင့်တောင့်လေးရအောင်ငှဲ့ ။ ပဲဆီသို့မဟုတ် နှမ်းဆီကို ထည့်နှပ် ။မီးနွေးနွေးနဲ့ ပတ်ချာလည်နှပ်။ ပြီး ကျက်ရော ဝါးဆန်ဆေးတောင်းထဲ ပိတ်စိမ်းပါးခံပြီး ခူးထားပါ ။ ပြီး သွားလိုရာ ယူသွားရင် ငှက်ပျောဖက်/အင်ဖက်နဲ့ထုတ်။ လိုရာယူတော့ ။ ရှေးလူကြီးနည်းတွေပေါ့နော် ။

(၇) မြင်းအသဲကို သံပုရာရည် နဲ့စိမ် ။အလိပ်ဖြစ်အောင် သေးသေးလေးတွေလုပ် ။ အခြောက်လှန်း။ပယောဂ ရှိသည်ဆိုကာ သွေးဆေးနဲ့ရောတိုက် ။ ဝမ်းထဲရောက် သွားတော့ အကြီးကြီးပြန်ဖြစ်လာရောလေ ။ အန်ဆေးတိုက်ရော ။ အစိုင်အခဲတွေအန်ပါလေရောလေ ။ ဒီနည်းနဲ့အထက်လမ်းလိုလို အောက်လမ်းလိုလို ဆေးပယောဂလိုလို ပညာမဲ့ အသိမဲ့တဲ့လူတွေဆီကငွေလိမ်စားနေကြတဲ့ အကျင့်ဆိုးတွေပါ။ အရှင်ဇာဂရ (မနောမြေ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page