မိုင်းဖုန်းဆရာတော်က “ခေတ်ကိုပြင်မယ့်” ဝစီပိတ်ဆရာတော်ကို သွားရောက်တွေ့ဆုံ
မိုင်းဖုန်းဆရာတော်ဟာ ဂူအတွင်းမှာ ၃ နှစ်ကျော် အဓိဌာန် ဝင်ရောက်ပြီးနောက် မကြာခင်က ပြန်ထွက်လာပြီး ကျန်းမာရေး ဆိုးဝါးလာမှုကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတဲ့ မိုင်းဖုန်းဆရာတော်ဟာ ယမန်နေ့ အောက်တိုဘာ (၁၃) ရက်နေ့က ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ရောက်ရှိပြီး လုံခြုံရေး အများအပြား စောင့်ကြပ်ထားတဲ့ ဝစီပိတ် ဆရာတော်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဝစီပိတ်ဆရာတော်ဟာ အာဏာသိမ်း စကစဥက္ကဌ မင်းအောင်လှိုင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရှိနေတာကြောင့် မိုင်းဖုန်းဆရာတော်က ယခုလို သွားရောက်တွေ့ဆုံမှုအပေါ် ပြည်သူများက မေးခွန်းထုတ်နေကြပါတယ်။
ဝစီပိတ်ဆရာတော်၊ သီတဂူဆရာတော်နဲ့ ရှင်ဆေကိန္ဒတို့ကို စကစ အားပေး ဆရာတော်များအဖြစ် ပြည်သူများက သတ်မှတ်ထားကြပြီး ယခုကဲ့သို့ မိုင်းဖုန်းဆရာတော်ပါ ဝစီပိတ်ဆရာတော်နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံမှုအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်နေပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဝစီပိတ်ဆရာတော်နဲ့ ယတြာချေမယ်လို့ သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကိစ္စကြောင့် မိုင်းဖုန်းဆရာတော် ရောက်ရှိလာကာ မင်းအောင်လှိုင်နဲ့ တွေ့နိုင်တယ်လို့ သတင်းတွေ ထပ်မံ ထွက်ပေါ်နေပါတယ်။