လုပ်ချလိုက်ပြန်ပြီ၊ ရှားပါး ဆောင်းခိုငှက်ကြီး တကောင်ရဲ့ ဝမ်းနည်းဖွယ် နိဂုံး
လုပ်ချလိုက်ပြန်ပြီ၊ ရှားပါး ဆောင်းခိုငှက်ကြီး တကောင်ရဲ့ ဝမ်းနည်းဖွယ် နိဂုံး
ကျောက်တိုင်ရွာ၊ ဝက်လက် မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် တောင်သူ လယ်ယာ လုပ်ငန်းခွင်တွင် အလုပ်ဆင်းနေတဲ့ လုံမငယ်တစ်ဦးကို ငှက်ကြီးသုံးကောင် မှ ဝိုင်းဝန်းတိုက်ခိုက်ကုတ်ဖဲ့မှုပြု၍
လူနဲ့ငှက် လုံးထွေး ဖြစ်ပွားခဲ့ရာ အနီးရှိ တောင်သူလုပ်ငန်းခွင်ဝင် ရွာသားအချို့လာရောက် ကူညီလို့သာ ငှက်ကြီးများ ရန်မှလွတ်မြောက် ခဲ့ရတယ်လို့ သိရပါတယ်။
ကူညီသူများက ငှက်ကြီးများကို ဝိုင်းရိုက်ရာမှ တစ်ကောင်မိ၍ (ငှက်မှာ အသက်ရှင်လျက်မမိ၊ သေသွားပါသည်) ကျန်နှစ်ကောင် မှာ မမိပဲလွတ်မြောက်သွားကြောင်း သိရပါတယ်။ လုံမငယ်ကတော့ ဆေးကုသမှု ခံယူလျက် ရှိနေတယ်လို့ သိရပါတယ်။
ယူဆချက်။ ဟိမဝန္တာဘက်မှ မြန်မာပြည်ဘက် လာရောက်၍ ဆောင်းခိုသည့် ဆောင်းခိုငှက် လင်းယုန်အမျိုးအစားဟု ယူဆမိပါတယ်။ ငှက်အလေးချိန်မှာ ၆ပိသာ ခန့်ရှိတယ်လို့ သိရပါတယ်။