ဈေးတွေ မတန်တဆ တက်သွားတဲ့ ပြည်တွင်းထုတ် နို့ဆီတွေရဲ့ အမှောင်ဖက်ခြမ်းတချို့
နို့ဆီတွေ တဖာတသိန်းကျော်သွားပြီ။ နိုင်ငံခြားနို့ဆီတွေကတော့ ဒေါ်လာနဲ့မလို့ ထားပါတော့။ ဘယ်နှယ့် မြန်မာကထုတ်တဲ့ နို့ဆီတွေ လှိုင်သာယာဇုန်ကထုတ်တဲ့ နို့ဆီတွေက မာကတ်တင်းကောင်းတော့ စလုံးနို့ဆီထက်စျေးစွာနေတာကြည့်မရလို့ရေးတာ။
မြန်မာတွေပျင်းတာကို အခွင့်ကောင်းယူတာ မြန်မာက နို့ဆီတွေမစားသင့်ဘူး နို့စိမ်းထုတ်တာကျ နိုင်ငံခြားကိုမမီတော့ဘူး။ သူများစီးပွားဒုတ်နဲ့ ထိုးတာမဟုတ်ဘူး နို့ဆီ နို့စိမ်းထဲ နွားနို့ပါတယ်ထင်နေလား ဝေးသေး သကြား ဆား နို့မှုန့် စားအုန်းဆီဘဲပါတယ်။
မြန်မာနို့ဆီထုတ်တဲ့ ဘောစိတွေက နို့မှုန့်ကို တရုတ်က ဝယ်တာနော်။ တရုတ်နို့မှုန့် နာမည်ကြီးချက်က မယ်လမင်းတွေပါလို့ သူတို့ တရုတ်တောင်မသောက်ဘူး။ တရုတ်ရေတပ်ကြီး သြဇီရောက်သွားတာ ရေတပ်တခုလုံးရသမျှ နို့မှုန့်လိုက်ဝယ်နေလို့ အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားသေးတယ်။
မစားတာ ပိုကောင်းတယ်။ စားမယ်ဆိုလဲ စင်ကာပူ မလေးရှား ယိုးဒယားက နို့ဆီတွေဘဲ သုံးသင့်တယ်။ သူတို့ FDA က တကယ်စစ်တယ်။ သြဇီ နယူးဇီလန် နို့မှု့န့်တွေသုံးတော့ စိတ်ချရတယ်။ ဖောက်တံမလို ကလစ်လေးနဲ့ အပေါ်ပလတ်စတစ်အဖုံးလေးပါတာနဲ့ ၆လုံးတဖာ ပလတ်စတစ်လေး ပိတ်ထားတာကို မမြင်နဲ့ မပျင်းနဲ့။
ရေသန့်လိုပေါ့ ရေက တန်ဖိုးမရှိဘူး ပလတ်စတစ်ဗူးက ကော်စေ့နဲ့လုပ်ရတာ လှိုင်သာယာဇုန် ၄ ကနေ ထုတ်တဲ့နို့ဆီစားမလား နိုင်ငံခြားက ISO ရတဲ့ နို့ဆီသုံးမလား စဉ်းစားပေါ့ (Wai Zin Htun)