မြန်မာပြည်သူတွေ အကျိုးမခံစားရတဲ့ မြန်မာပြည်ထဲက အဖိုးတန်သယံဇာတ (ဝမ်းနည်းဖို့ ကောင်းလှပါတယ်)

တန်ဖိုးမဖြတ်နိုင်တဲ့ မြေရှားသတ္ထုတွေကြောင့် မြန်မာပြည်အထက်ပိုင်းဒေသဟာ တရုတ်သိုက်တူးရာဒေသဖြစ်လာပြီး အလုံးစုံပျက်ဆီးကြရတဲ့အဖြစ်ကို ရောက်နေပါပြီ။ ကချင်ပြည်နယ်ထဲကို ရာထောင်ချီတဲ့ တရုတ်သတ္ထုကုမ္ပဏီတွေဟာ နယ်စပ်ဖြတ်ကျော်ကာ တံခါးမရှိဓါးမရှိ ပျော်ပျော်ကြီး rare earths တွေကို တူးယူနေကြပါတယ်။

အကျိုးဆက်အနေဖြင့် မြန်မာပြည်မြောက်ပိုင်းက မြစ်တွေထဲမှာ ငါးတွေမရှိကြတော့ပါဘူး။ တောထဲမှာ ငှက်တွေသီချင်းဆိုသံ မကြားရတော့ဘူး။ ဟိုနားဒီနားတွေမှာ နွားတွေဟာ အဆိပ်မိကာ လဲ‌ေ-နေကြပါတယ်။ ဒေသခံကချင်လူမျိုးတွေအဖို့ မိရိုးဖလာလုပ်စားစရာတွေ မရှိတော့ပေမယ့် စောဒကတက်မိရင် အ-တ်ခံရနိုင်လို့ ကြောက်နေကြရပါသတဲ့။

ဒီမြေရှားသတ္ထုဟာ ခေတ်သစ်ကမ္ဘာကြီးရဲ့ ဗီတာမင်အားဆေးတစ်ခုပါပဲ။ သူမပါရင် ယနေ့ခေတ်မယ် ဘာပစ္စည်းမှထုတ်မရတော့ပါဘူး။ Harddrive ကစလို့ လက်ကိုင်ဖုန်းအလယ် လျှပ်စစ်ကားအင်ဂျင်တွေအထိ rare earths နဲ့ လုပ်ကြရပါတယ်။ အထူးအားဖြင့် green energy sector တွေမှာ သူမပါလို့ကို မဖြစ်တော့ပါဘူး။

အရှေ့အလယ်ပိုင်းအတွက် ရေနံဟာ သူတို့ရဲ့အားသာချက်ဆိုရင် မြန်မာအတွက် မြေရှားဓါတ်သတ္ထုက အားသာချက်လို့ ပြောနိုင်ပါတယ်လို့ တရုတ်တို့က မှတ်ချက်ပြုပါတယ်။ မြစ်ဆုံဆည်ကို တရုတ်ဖက်က သိပ်ဆောက်ချင်နေတာဟာ အောက်က ဖောင်ဒေးရှင်းတူးရာကနေရမယ့် မြေရှားသတ္ထုတွေကို လိုချင်တာကပိုပါလိမ့်မယ်။

လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဟာ ဘယ်ပုဂ္ဂိုလ်တွေဖြစ်မလဲဆိုတာ ငပိန်းအာဏာရူးတွေ သိပါလေစ။ လူတစုတဖွဲ့ကြောင့် တိုင်းပြည်က ပြည်သူတွေတင်ဒုက္ခရောက်ကြရတာမဟုတ်ဘဲ တောတောင်ရေမြေတွေထဲက တိရိစ္ဆာန်တွေပါ မျိုးတုန်းပျောက်ကွယ်နေကြရပါပြီ။ အရေးတော်ပုံ အမြန်အောင်မှ ဖြစ်ချိမ့်မည်။ (Francis Zin)

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် ဒေသတွေမှာ တရားမဝင် မြေရှားသတ္တုတူး ဖော်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ပိုမိုများလာတယ်လို့ ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ Global Witnessက ထုတ်ပြန်လိုက်ပါတယ်။

ဒေသတွင်း စင်ကာပူနိုင်ငံလောက် အရွယ်အစားကြီးများတဲ့ မြန်မာပြည် မြောက်ပိုင်းက နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

Global Witness ရဲ့ အစီရင်ခံစာမှာတော့ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှာ အရှိန်အဟုန်နဲ့ တရားမဝင်တူးဖေါ်နေတဲ့ သတ္တုလုပ်ငန်းကနေ ထွက်လာတဲ့ မြေရှား သတ္တု ဒြပ်စင်တွေကို တက်စလာ, ဗောက်စ်ဝက်ဂွန် နဲ့ ဆီးမန်း တို့အပါအဝင် နာမည်ကြီး နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ မသုံးကြဖို့၊ ကမ္ဘာ့ဈေးကွက်ထဲမရောက်အောင် လုပ်ဖို့၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ မြန်မာ့မြေရှားသတ္တုနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အဂတိလိုက်စားမှုတွေ ကင်းတဲ့ ထုတ်လုပ်မှုဖြစ်အောင် တင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်ပေးဖို့ တောင်းဆိုထားသလို ဒီတူးဖော်ရေး လုပ်ကွက်တွေကို မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကချင်လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ တရားမဝင် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းတွေကို အတားအဆီးမရှိ အကြီး အကျယ် အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်နေဆဲဖြစ်ပြီး လူ့အခွင့်အရေးချိုး ဖောက်မှု တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုဖြစ်နေတယ်လို့ဆိုပါတယ်။

Global Witness ရဲ့ စုံစမ်းလေ့လာချက်တွေအရ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည် နယ်မှာ ၂၀၁၆ ခုနှစ်တုန်းက မြေရှားသတ္တုတူးဖေါ်ရေး လုပ်ကွက်အနည်းငယ်ပဲရှိခဲ့ပေမယ့် ယခုမှာတော့ အဆမတန် ကြီးထွားနေပြီလို့ ဖော်ပြထားပါတယ်။

Global Witness ရဲ့ ဖော်ပြချက်ထဲမှာတော့ မြန်မာပြည်မြောက်ပိုင်းဟာ ကမ္ဘာ့အတွက် အရေးပါတဲ့ တွင်းထွက် သတ္တုတွေအများဆုံးထွက်ရှိရာ အရင်းအမြစ်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page