ဒီခေတ်ကြီးထဲမှာ အိမ်ရှင်မတွေ သိထားသင့်တဲ့ မီးဖိုချောင် လျှို့ဝှက်ချက်များအကြောင်း

ချက်ရင်းပြုတ်ရင်းနဲ့ ဒယ်အိုးတွေ ပေါင်းအိုးတွေ အတွင်းဘက်မှာကပ်ပြီး မဲတူးနေရင် မန်ကျည်းမှည့်လေးကို ဆားနည်းနည်းထည့်ပြီး ရေ အနေတော်လေးနဲ့ မီးဖိုပေါ် နာရီ၀က်ဒါမှမဟုတ် တစ်နာရီလောက်တင်ထား( မီးလေးတော့ ဖွင့်ထားပေါ့ နော် ) ကိုယ့်အိုးတောင်ကိုယ် မမှတ်မိအောင် ပြောင်လက်သွားလိမ့်မယ်။

ငံလွန်းလို့ မစားနိုင်တဲ့ ငါးခြောက်မျိုးဆိုရင် ငါးခြောက်ကို ရေထဲထည့်ပြီးစိမ် မီးသွေးခဲ ခပ်သေးသေး (နှစ်လက်မပါတ်လည်လောက်) လေး ထည့်ထား ဆယ်မိနစ်၀န်းကျင်လောက်ကြာရင် အဲဒီငါးခြောက်ကိုထုတ် ပြုတ်ချင်ပြုတ် ကြော်ချင်ကြော် ဖုတ်ချင်ဖုတ် ကြိုက်သလိုသာလုပ်စား သွေးတိုးသမားကိုပါကျွေးလို့ရတဲ့အထိ ပေါ့ နေလိမ့်မယ်။

အသားဟင်းချက်လို့ မဆလာအနံ့မခံနိုင်ဘူးဆိုရင် ချင်း(ဂျင်း)တက်လေး တစ်လက်မလောက်ကို ထောင်းချင်ရင်ထောင်း မထောင်းချင်ရင် နုပ်နုပ်လေးလှီး ပြီးရင် ငြုပ်သီးကြက်သွန်ထောင်းထုထားတာတွေနဲ့ရော ကိုယ်ချက်မယ့် အသားတုံး ဘ၀အဆက်ဆက်က ရန်သူလို သဘောထားပြီး ဖျစ်ညှစ်ဆုပ်နယ်ပေးပြီးတော့ချက် ဟင်းမကျက်ခင်ထဲက အစာအိမ်က တောင့်တနေမယ့်အနံ့လေးဖြစ်လာမယ်။

ဒံပေါက်ချက်မယ်ဆိုရင် ရေနွေးအိုးတည်စဉ်ကတည်းက ဆားလေးအနေတော်ထပ် နည်းနည်းလေးပို ထည့်ထားပြီး ရေဆူတော့ ဆန်ခပ်၊ ဆန်အနေတော်လေး ရောက်တော့ ထမင်းရည် ငှဲ့လိုက်၊ ဒံပေါက်ချက်ဖို့ သူနဲ့ဆိုင်ရာ တန်ဆာပလာတွေထည့်ရင် သကြားလေး နည်းနည်းစီ ထည့်ထည့်ပေး အဲလိုဆိုရင် တချို့တချို့သောဆိုင်တွေက ဒံပေါက်ထမင်းလို လျှာပေါ်တင်လိုက်လို့ ရလာတဲ့ ပေါ့ပျက်ပျက် အရသာ မဟုတ်တော့ဘူး။

ကုန်း မဆလာ (ကြက် ၀က် အမဲ ဆိတ် စတာတွေ) ရေ ပင်စိမ်း(ငါး မျိုးစုံ)ဆိုပေမယ့် တချို့ ဟာတွေမှာ ကုန်းကိုပင်စိမ်း ရေကိုမဆလာ နည်းနည်းလေးစီထည့်ကြည့်။ (ပညာ ဒီပ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page