ဂျပန်လူမျိုးတို့ရဲ့ အတုယူသင့်တဲ့ ဖုန်းပြောခြင်းဆိုင်ရာ အမူအကျင့်နဲ့ ကျင့်ဝတ်များ

ယနေ့ခေတ်ကဲ့သို့ ဆက်သွယ်ရေးလွယ်ကူလျင်မြန်မြန်ဆန်စွာဖြင့်တိုးတက်လာနေသောခေတ်တွင် ဖုန်းတစ်လုံး၏ အရေးပါမှုသည် အရေးကြီးသောအခန်းကဏ္ဍတွင် တည်ရှိနေပါသည်။

ဂျပန်လူမျိုးများသည် အများပြည်သူအသုံးပြုစီးနင်းနေသော ရထား၊ ဘတ်စ်ကား စသည့်ယာဉ်များပေါ်တွင် ဖုန်းသံ မမြည်ရ လေအောင် Silent Mood ကို ပြုလုပ်ထားကြပါသည်။ ဖုန်းဝင်လာလျှင်လည်း လက်ခံပြီး ဖုန်းပြောခြင်း ကို ရှောင်ရှားကြပါသည်။

ရထားပေါ်မှာဖြစ်သောကြောင့် ပြန်လည်ဆက်သွယ်ပါမည်ဟူသော မက်ဆေ့ပြန်ပို့ပြီးရထား၊ ကားပေါ်မှ ဆင်းပြီးမှသာ ပြန်လည်ဆက်သွယ်ကြပါသည်။ ရထား၊ ကားများပေါ်တွင် အသံကျယ်လောင်စွာ ဖုန်းပြောသည်ကိုတွေ့လျှင် စိတ်အနှောင့်အယှက် ဖြစ်ကြသည်ကို အပြုအမူများဖြင့် ဖော်ပြတတ်ကြပါသည်။

ယေဘူယျအားဖြင့် တွေးကြည့်မည် ဆိုပါလျှင် မိမိနှင့်ပတ်သက်မှုလုံးဝမရှိသော အကြောင်းအရာများကို ရထားပေါ်တွင်၊ ကားပေါ်တွင် ဆူညံစွာ ကြားနေ ရခြင်းအား နှစ်သက်သူဟူ၍သိပ်ရှိလှမည်မဟုတ်ပါ။

ထို့ကြောင့် အရေးကြီးသောအစည်းအဝေးနှင့်မည်သို့ပင်ဖြစ်စေ ဖုန်းကိုင်ရန်အဆင်မပြေသည့်အခါမျိုးတွင် ဖုန်းပိတ် ထားခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။ ထို့အပြင် ဂျပန်လူမျိုးတို့၏ စီးပွားရေး အမူအကျင့်မှာ ဖုန်းခေါ်ပြီးလျှင် တဘက်မှအစည်းအဝေးခန်းထဲတွင် ဖြစ်နေနိုင်သော၊ ကားမောင်းနေဆဲလည်းဖြစ်နိုင်သော၊ အလုပ်များ နေချိန် ဖြစ်လျှင်လည်း ဖြစ်နေနိုင်သော တဘက်သူအတွက် ဖုန်းပြောရန်အဆင်ပြေရဲ့လား၊ ဖုန်းပြောရန် အချိန်လေးများ ပေးလို့ရမလားဟု မေးပြီးမှသာ မိမိပြောလိုသည်ကို ပြောခြင်းအားပြုလုပ်ကြပါသည်။ ဖုန်းပြောရာတွင်လည်း လိုရင်း တိုရှင်း မြန်မြန်သွက်သွက်ပြောဆိုခြင်းကို ပြုလုပ်လေ့ရှိကြပါသည်။

ကုမ္ပဏီတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်စေ မိမိနှင့်မြင်ဖူး၊ သိဖူးထားသူမဟုတ်သူ တစ်ဦးထံမှ ဖုန်းဆက်လာပြီဆိုပါလျှင် မိမိ၏ဖုန်းဖြေသံနှင့် လက်ခံစကားပြောခြင်း Manner သည် တစ်ဘက်သား၏ စိတ်အာရုံ တွင် စွဲထင်ကျန်ရစ်စေနိုင်စွမ်းသော မိမိ၏ပုံရိပ်ဖြစ်သည်ကို သဘောပေါက်နားလည်သင့်ကြပေသည်။

ကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက မိမိ၏အပြောအဆိုချေငံခြင်းမရှိပါက၊ ဖြေချင်သလိုမဖြေချင်သလို၊ စိတ်မရှည်သလိုပုံစံမျိုးနှင့် တုံ့ပြန် လိုက်မိပြီဆိုပါက မိမိ၏ပုံရိပ်ဆိုသည်ထက် မိမိကုမ္ပဏီ၏ပုံရိပ်ကိုပါ ကျဆင်းအောင်ပြုမူလိုက်မိသည်နှင့် အတူတူ ပင်ဖြစ်ပါသည်။

ဂျပန်လူမျိုးတို့၏ ဖုန်းနှင့်မှတ်သားရာတွင် ပြုမူတတ်လေ့ရှိသော အတုယူဖွယ်အချက်တစ်ခုမှာ အထူးသဖြင့် ကိန်းဂဏန်းများ(ဖုန်းနံပါတ်စသည်) နှင့်ချိန်းဆိုသည့်နေရာ၊ နေ့ရက်စသည်တို့ကို ဖုန်းလက်ခံမှတ်သားရချိန်တွင် ပထမတစ်ကြိမ်ရေးမှတ်ပြီးပါက ရေးမှတ်ထားသည့် ကိန်းဂဏန်းနှင့်နေ့ရက်အချိန်တို့ ဒုတိယတစ်ကြိမ် ပြန်လည် အတည်ပြုချက်ကို ရယူကြခြင်းပဲဖြစ်ပါသည်။

(တစ်နှင့်နှစ်) ကဲ့သို့သော နားကြားမှားယွင်းမှုမျိုးသည်လည်း အများအားဖြင့် ကြုံတွေ့နိုင်သည်ဖြစ်ရာ ဖုန်းနံပါတ် တစ်လုံး မှားယွင်းခြင်းသည်လည်း အားလုံးမှားယွင်းခြင်းနှင့် ထို့ထက်ပိုလျှင် ဆင့်ကဲဆင့်ကဲဆုံးရှုံးမှုများဆီသို့ပါ ဦးတည်သွားနိုင်သောကြောင့် အထူးသတိပြုသင့်လှပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page