ဆင်အကြံနဲ့ ဂွင်ဖန်မယ့် ကားလေလံနဲ့ ကားဈေး ကျမှာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

လေလံကို ဝေဖန်ရရင် ဆင်အကြံနဲ့ ဂွင်ဖန်တာပါပဲ။ ခေတ်အဆက်ဆက်က လေလံပွဲတွေမှာ တစ်ကယ်ကျန်မယ့် ပွဲတွေကို ဆွဲစားသွားတာက အနီးအနားက အဝေးတစ်ဖဝါးမှ မသွားရတဲ့ စားဖားတွေပါပဲ။

လက်ကြီး သမားဆိုတာကလည်း အက်စ်အီး ကားကို အယောင်ပြပြီး ခွက်ကြီးဖလားကြီးနဲ့ပွဲပေး ကပ်တိုးလေးဆွဲချလို့ ပွဲခသာသာနဲ့ ဖဲ့သွားတဲ့ သူတွေပါပဲ။ ရှိစုမဲ့စုလေးနဲ့ ဝင်နွှဲတဲ့ အမိုက်အမဲတွေကတော့ ချိုင့်ထဲက မထွက်တဲ့ ပုစွန်လုံးလိုပဲ ဟိုထောင့် ပြေးကပ် ဒီထောင့်ပြေးညှပ်နဲ့ စုတ်ပြတ်တဲ့ကားကို အဟုတ်မှတ်တဲ့ စကားနဲ့ ညားလာအူးမှာ အဲ့ဒီတော့ လေလံ ဆိုတာ နေရာအမှန်ကလူတွေ ရေစရာချန်ထားတဲ့ငွေအတွက်ပါလို့စ် (ကိုကျော်)

လေလံ ဆိုတဲ့အသံကြားပြီးနောက် ကားရှိနေတဲ့သူက ကားဈေးမကျနိုင်ကြောင်း အကိုးအကားနဲ့ပြောပြ ပို့စ်တင် ဘဝတူ များက ဝိုင်းထောက်ခံကြ။ ကားမရှိတဲ့သူများက ဈေးကျလာတော့မယ် ဆိုပြီး နှပ်ကြောင်းပေး ပြီး အဝယ်ချောင်းကြ။

လက်တွေ့မှာတော့ အားလုံးက ကျားတွေ ဘီလူးတွေ သရဲတွေ မှော်ဆရာတွေချည်းပဲမို့ တော်ရုံ အချို အချဉ်လောက်နဲ့တက်မလာနဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေချည်းပါပဲ။ နတ်ပွဲမှာ နတ်ကတော်က လက်ပစ်ကြေးပစ်ရင် သူ့လူဘက်ပဲ သူပစ်တာ အပြင်ကလူက ဝင်လုကောက်ရင် အဲဒီဘက်မပစ်ပဲ အခြားတစ်ဘက်ကို ပစ်ပြန်ရော။ နောက်ဆုံးတော့ အပြင်က လူက ဝင်တာလုတယ် ဘာမှမရပဲ ဒူးပွန်းတံတောင်ပွန်းတာပဲ အဖတ်တင်ပါတယ်ဗျာ။ (Myat Thu)

ကားဈေးကျဖို့က စကစရဲ့ မူဝါဒ စာရွက်တရွက်ပေါ်ပဲမူတည်နေပါတယ်။ ကျဖို့ဆိုရင်ယေဘူယျကတော့ ဘပြောင်ခေတ်ကလို ပါမစ်ပြန်ခွင့်ပြုတဲ့ကိစ္စပါ (အဲဒါဆိုရင် ဒေါ်လာဝယ်လိုအား ပိုကဲလာပီး ​ဒေါ်လာလှုပ်ပါမယ်)

ဒါပေမဲ့ စကစက အဲဒါကိုဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး ဘာလို့လဲဆို ဒေါ်လာဈေးဆက်တက်မှာစကစအသေကြောက်လို့ပါ။ အရင်တခါဒေါ်လာကိစ္စမှာ ပြည်သူအားလုံးအောက်ခြေထိ ဒေါ်လာမဟားတရားတက်ရင် ငါတို့ပါ လာထိတယ်ဟဆိုတာသိသွားကြပါပြီ။ သူ့လူတွေပါ ပူညံပူညံဖြစ်လာနိုင်လို့ သူမလုပ်ပါဘူး။

ကားဈေးတက်တာက ဒေါ်လာလောက် impact မကြီးတော့ စကစအနေနဲ့ ဒေါ်လာကိုပဲရွေးမှာဖြစ်ပါတယ် ဒါက သိသာထင်းရှား အရေးကြီးတဲ့ significant factor ပါ။ တလောက ပို့စ်တခုကပြောထားသလို ကားတွေလွှတ်သွင်းခိုင်းရင် ကားတွေကြပ်မယ်။ ပါကင်ခက်မယ်ဘာညာ အဲဒါတွေက မသိသာ မထင်ရှားအရေးမကြီးတဲ့ insignificant factor တွေပါ ဖြေရှင်းနည်းပေါင်းများစွာရှိပါတယ်။

အင်မတန် ပြင်းထန်တဲ့ ဖြေရှင်းနည်းတစ်ခုကိုပြောရရင် ရန်ကုန်မှာ အိမ်စီးကားတွေကို စုံနံပါတ်ကားတွေပဲထွက်ရမဲ့နေ့/မနံပါတ်ကားတွေပဲထွက်ရမဲ့နေ့ (odd-even congestion control) ဒါမျိုးလုပ်ချပလိုက်လို့ရပါတယ် ဒါမျိုးက ပုံမှန်ဆို ကားကြပ်နှုန်း F အဆင့်လောက်ရှိတဲ့ မြို့ကြီး mega city တွေမှာပဲလုပ်လေ့ရှိတာပါ (ပါကင်အတွက်လဲဖြေရှင်းနည်းပေါင်းများစွာရှိပါတယ်)

အဲလိုလုပ်တာက အရမ်းတင်းကျပ်တဲ့အတွက် ထွက်ပေါက်အနေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ် (မြို့ပတ်/မိုးပျံ/မြေအောက်ရထား ဘတ်စ်ကားကောင်းကောင်း) တွေကို အားကောင်းအောင်အဆင့်မြင့်ထားဖို့လိုပါတယ် အဲဒါမှလဲ အဲဒီ မူဝါဒချမှတ်တဲ့အစိုးရအတွက် အကြောင်းပြချက်ရှိမှာပါ။

ရန်ကုန်မှာတော့ အထက်ပါ ပြည့်သယ်ယူပို့ဆောင်ရေးစနစ်တွေမရှိပါ။ အားမကောင်းပါ။ အဲတော့လုပ်ဖို့ မလွယ်ပါဘူး (တခြား ရေတို ရေရှည်လုပ်လို့ရတဲ့နည်းတွေရွေးရမှာပါ အများကြီးလဲရှိပါတယ် ပညာရှင်တော့လိုတာပေါ့) ဒါပေမဲ့ ခုအုပ်ချုပ်နေတာ စကစဆိုတဲ့ လက်ရဲဇက်ရဲသက်ဦးဆိုင်ပိုင်အဖွဲ့ပါ အတော့ who know? စုံ-မ နှစ်စီးလုံးဝယ်မယ်ဆိုရင်ရော ရပါတယ်ဝယ်ပါ အခွန်တော့ ကားတန်ဖိုး နှစ်ဆလောက်အကောက်ခံလိုက်ပေါ့။ (Gyi Gyi)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page