“ပုဂံက ဘုရားတွေမှာ တကယ်ရှိပါတယ်” (တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု)

“ပုဂံက ဘုရားတွေမှာ တကယ်ရှိပါတယ်”

လွန်ခဲ့တဲ့… ဆယ်နှစ်ကျော်လောက်က ကျွန်တော့်ဦးလေးနဲ့.. ကျွန်တော်.. အလုပ်ကိစ္စနဲ့ ပုဂံကိုသွားရင်း.. ညမိုးချုပ်မှ ရန်ကုန်ပြန်ဖို့ အကြောင်းပေါ်လာတယ်။ ဟော်တယ်က ထွက်တော့ ဘုရားတစ်ဆူရှေ့နားမှာ.. အစိမ်းဝမ်းဆက်နဲ့ ကောင်မလေးတစ်ယောက် ကားလှမ်းတားတယ်။ လက်ထဲမှာလည်း.. တောင်းကလေးတတောင်းပိုက်လို့။ ညကလည်း ကိုးနာရီထိုးခါနီး.. လူကပျက်ချိန်.. အကူအညီလိုနေတဲ့ ဈေးသည် မိန်းကလေးတစ်ယောက်ဖြစ်မှာပါဆိုပြီး ရပ်ပေးလိုက်တယ်။

ဒီရှေ့က ဘုရားလေးကို လမ်းကြုံလိုက်ချင်လို့ပါတဲ့။ အဲ့ဒါနဲ့ နောက်ခန်းက ခေါ်တင်လာလိုက်တယ်။ ကျွန်တော့်စိတ်ထဲတော့ တမျိုးကြီးပဲ။ သူ့ဆီက အမွှေးနံ့ရော၊ ပုပ်အဲ့အဲ့နံ့တွေရောပါ ရတချက် မရတချက်နဲ့။ ဦးလေးနဲ့ ကျွန်တော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်။ ကောင်မလေးက စကားတခွန်းမှ မပြောတော့ဘူး။

ဘုရားဟောင်းတစ်ဆူရှေ့ရောက်တော့… “ရပြီရှင့်” တဲ့။ အဲ့ဒါနဲ့.. ရပ်ပေးလိုက်တယ်။ ကားတံခါးဖွင့်သံကြားပြီး.. နောက်လှည့်ကြည့်တော့.. အမျိုးသမီးက မရှိတော့ဘူး။ ဘေးဘီကြည့်တော့လည်း.. ဘယ်သူမှ ကားထဲက ထွက်သွားတာလည်းမတွေ့ရဘူး။

တကယ်ဆို ကျေးဇူးတင်စကားလေးဘာလေးပြောရမှာပေါ့။ အခုဟာက ပတ်ဝန်းကျင်မှာ သူအရိပ်အယောင်တောင် မမြင်ရဘူး။ ပုပ်အဲ့အဲ့အနံ့ကြီးကလည်း ပိုဆိုးလာတယ်။ ကျွန်တော်ရော ဦးလေးပါ.. ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်။

ကျွန်တော်လည်း နောက်ခန်းမှာ ပွင့်လျက်ဖြစ်နေတဲ့ တံခါးကို.. ရှေ့ခုံကနေပဲ ကျော်ပြီး ပိတ်ဖို့လုပ်တော့.. အသံတစ်သံထွက်လာတယ်။ “အကိုလေးတို့ရယ်.. မြောင်းဘေးမှာမှ လာရပ်ရတယ်လို့.. ကျွန်မကို ဆွဲတင်ကြပါဦး.. အကြွေးဝယ်လာတဲ့ ကျွန်မငါးပိထုတ်လေးတော့.. တောင်းမှောက်လို့ ကွဲသွားပါပြီ” တဲ့။

အဲ့တုန်းက တိုင်းမှူးအမိန့်ဆိုလား.. ပုဂံမှာ မြောင်းတွေတူးရတဲ့ကာလပေါ့။ ကားလမ်းကြုံခေါ်တင်လာမိတာ.. ငါးပိဖိုးပါ လျှော်ရတော့မလို့…

ကြောက်စရာကြီးနော်…

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page