နိုင်ငံခြားသားအားလုံးကို မြေနင်းခ ကောက်မည်ဟု ထိုင်းအစိုးရပြော (သူများတွေ စီးပွားရှာတတ်ပုံများ)

နိုင်ငံတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများကို ထိုင်းမြေနင်းခအဖြစ် ၁ ဦးလျှင် ၃၀၀ ဘတ် ကောက်ခံရန်အတည်ပြုနိုင်ခဲ့ပြီဟု ထိုင်းအားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန က လွန်ခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ (၂၀၂၂) တွင် ထုတ်ပြန်ထားပါတယ်။

ထိုသို့ ထိုင်းမြေနင်းကကောက်ခံရာတွင် လေကြောင်းခရီးဖြင့်ဝင်ရောက်လာသူများကို ၁ ဦးလျှင် ၃၀၀ ဘတ်ကောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။

ကုန်းလမ်းခရီးမှ ဝင်ရောက်လာသူများကိုမူ မည်မျှကောက်ခံမည်ဟု အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ကုန်းလမ်းမှ ဝင်ရောက်လာသူ အများစုမှာ ၂ ရက် ၃ ရက်သာနေထိုင်ကြခြင်းကြောင့် ၃၀၀ ဘတ် ထက်နည်းမည်ဟု ဖော်ပြထားပါတယ်။

တဆက်တည်းတွင် မနက်လာ-ညနေပြန်သူများကို မြေနင်းခကောက်ခံခြင်းမှကင်းလွှတ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ ထိုင်းမြေနင်းခကောက်ခံရာမှ ရရှိလာတဲ့ ရန်ပုံငွေများကို နိုင်ငံခြားသားများအတွက် မတော်တဆမှု အာမခံပြုလုပ်ပေးခြင်း ၊ အသက်အာမခံပြုလုပ်ပေးခြင်း စသည့်ကဏ္ဍများတွင် အသုံးပြုမယ်လို့ သိရပါတယ်။

မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားများက အစိုးရဆေးရုံများ တွင်ဆေးကုသမှုခံယူရာမှ ထိုင်းအစိုးရက အိတ်ဆိုက်လိုက်ရသည့် ငွေပမာဏသည် ဘတ်ငွေ သန်း ၃၀၀ မှ ၄၀၀ အထိရှိခဲ့တယ်လို့ သိရပါတယ်။ (ပလာတူး)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page