တဒေါ်လာ ၅၀၀၀၊ ရွှေတကျပ်သား ၃၅ သိန်း ဖြစ်မယ့် အချိန်နဲ့ ဘာဆက်လုပ်မလဲဆိုတဲ့ အဖြေ
တဒေါ်လာ ၄၀၀၀ မကြာမီ ရောက်တော့မယ်။ လူဆိုတာ ဘာမှ မလုပ်ပဲနေရင် ရပ်နေတာမဟုတ်ပဲ အရှုံးနဲ့ ရင်ဆိုင်နေရတာ။ စီးပွါးရေးမကောင်းဘူးဆိုပြီး ရပ်နေမိရင် ပိုပြီး ရှုံးတာ။ အချိန်တွေလည်း ရှုံးတယ်။ စိတ်ချမ်းသာတာတွေ ပျောက်ပြီး စီးပွါးမကောင်းဘူးဆိုတဲ့ စိတ်ဆင်းရဲမှုတွေ ထပ်တိုး ၊ စိတ်ကျရောဂါတွေ ရလို့ ပိုပြီး ရှုံးတယ်။
ခေတ်ပျက်မှာ ဘယ်တော့မှ ရပ်မနေရဘူး။ ဖေ့ဘုတ်မှာ ပြောပြောနေတဲ့ ဒီနေ့ရောင်းရလို့ နောက်နေ့ရှုံးတယ်ဆိုတဲ့ အပြောကလည်း ကိုယ်ညံ့လို့ ရှုံးတယ်။ တကယ်စျေးရောင်းစားတဲ့သူတွေဆိုတာ မိမိကုန်တွေရဲ့ အရောင်းအဝယ်အလားအလာကို ကြိုသိပြီးသား။
အရှုံးဆိုတာထက် ကုန်စျေးနှုန်းတက်လွန်းလို့ လူတွေလျှော့သုံးလို့ ရောင်းအားကျတာ။ စီးပွါးပျက်လို့ အလုပ်မလုပ်ပဲ ရပ်နေရင် အရင်းမရှိသူက ငတ်သထက် ငတ်ရုံပဲ။ အရင်းရှိတဲ့သူတွေကျ ရပ်နေတယ်ဆိုတာ သူတို့က စျေးတက်နိုင်တဲ့ အရာတွေမှာ တခုခု ရင်းထားပြီး ရပ်တော့ ချမ်းသာသထက် ချမ်းသာနေဦးမှာ။ ဒီတော့ စီးပွါးပျက်လို့ စိတ်ဓာတ်ကျမနေပါနဲ့။ စီးပွါးပျက်လို့ စီးပွါးပျက်တဲ့အချိန် စီးပွါးရှာနည်း ပြောင်းရဲဖို့ပဲ လိုတာ (Aung Kyaw Oo)
ယနေ့ ဩဂုတ်လ ၂၆ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၂၉သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြပြီး ဈေးပြန်တက်နေကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
ယနေ့ ဩဂုတ်လ ၂၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားသည့် ရည်ညွှန်းရွှေဈေးနှုန်းမှာ ၂,၀၅၂,၀၀၀/- ( ကျပ်သိန်း နှစ်ဆယ့် ငါးသောင်း နှစ်ထောင်ကျပ်ဖြင့်) နေ့လယ် ၂နာရီခွဲတွင် ဈေးပိတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းရှိ နာမည်ရ ရွှေဆိုင်အချို့မှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၈၅၅,၀၀၀/- ဝန်းကျင်ဖြင့် ရောင်းဈေး၊ ဝယ်ဈေး တစ်သောင်းကျပ်ဝန်းကျင်ခွာကာ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်
ဩဂုတ်လ ၁၃ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၂၈သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှာ ဩဂုတ်လ ၁၄ရက်မှ စတင်ကာ ဩဂုတ်လ ၁၆ရက်ထိ သုံးရက်တိုင် ရွှေတစ်ကျပ်သားလျှင် ၂၆သိန်း သုံးသောင်းဝန်းကျင်အရောင်းအဝယ်ပြုကာ ဈေးကျခဲ့ခြင်းဖြစ်ပါတယ်။ ရွှေဈေးမှာ ထိုကဲ့သို့ ကျရိပ်ပြပြီးနောက် ဩဂုတ်လ ၁၇ရက်မှစတင်ကာ ဈေးတက်လာခဲ့ခြင်း ဖြစ်ပါတယ်။
ယခုလိုနှုန်းထားအတိုင်း ဆက်သွားနေပါက တဒေါ်လာ ၅၀၀၀ ဖြစ်နိုင်ပြီး ရွှေတကျပ်သား ၃၅ သိန်း အထိ မကြာခင် ဖြစ်လာနိုင်တယ်လို့ ဈေးကွက်နဲ့ နီးစပ်သူတဦးက မှတ်ချက်ပေးပါတယ်။