ထိုင်ဝမ်ရောက်လာတဲ့ အမေရိကန်လေယာဉ်ကြီးနဲ့ မြန်မာပြည် အွန်လိုင်းသုံးသူများ ဂယက်

ရေးသားသူ – ရာဇဝိဇယ၊ ကန်.. တရုဂ်နဲ့ ထိုင်၀မ်ကိစ္စက ဘာဖြစ်လာမလဲတော့မပြောတတ်ဘူး.. ဟိုကတိုက်မယ်ပြောတာနဲ့ မရောက်ရောက်အောင်ကိုသွားတာ.. ငါ့လိုပဲ ဟီဟိ ဆိုပြီး ဒီ ဝေါဝါးသရီးကိစ္စကို စခွီထကြတော့မယ်သူတွေအရင်လာမယ်။

ပြီးရင်.. ဇောက်ပေါလုပ်မနေကြနဲ့.. ဒီကိစ္စ ဟာသမဟုတ်ဘူး.. တစ်ကမ္ဘာလုံးကိုယ်ကျိုးနည်းကုန်မှာ.. ဘာညာ စာအရှည်ကြီးရေးပြီး ထ ဆူကြမယ့်သူတွေ ရောက်လာမယ်။ ကြောက်ပါတယ်.. လက်အုပ်ချီပါတယ်.. ဇောက်ဆရာကြီးများ ဆိုပြီး ပြန်ရွဲ့မှာတွေက ပထမအဖွဲ့..

ပထမအဖွဲ့ထဲမှာ မပါခဲ့ပဲ အပေါက်ထဆိုးတဲ့ ဆူဆူပူပူအဖွဲ့ကို အချင်းချင်းထိန်းထိန်းသိမ်းသိမ်း ပြောမှပေါ့ဆိုပြီး ပြေရာပြေကြောင်းပြောရင်း ဆရာကြီးတွေကို ပညာရှိအမျက် အပြင်မထွက် ဘာညာနဲ့ နှက်မယ့်နောက်တစ်ဖွဲ့က ထပ်ရောက်လာတုန်းမှာ

ရေနံစျေး.. ကမ္ဘာ့ရွှေစျေး.. ဆီစျေး.. စတော့ရှယ်ယာ.. NFT.. ဘစ်ကွိုင်.. ကနေ အာလူး ကြက်သွန်စျေးအထိ တွက်ချက်ပြမယ့် စီးပွါးရေးပညာရှင်တွေက နည်းနည်းကြာမယ်။ သူတို့ထက် အရင်လာမှာက မနက်ဖြန်တွေဟာမသေချာတော့ဘူး။ မမရင်ခွင်ထဲပဲနေချင်တယ်။ မောင်လေးဂျိုင်းကြားထဲပဲညှပ်ထားပေး.. ဆိုတဲ့ အချစ်သမားတွေ။

သူတို့ကိုတော့ တတိယ ကဘာဆစ်ဖြစ်တာ ဇောက်ရေးကြီးလို့လားဟ ဆိုပြီး တစ်ယောက်ယောက်က အစားထိုး ခဏဝင်ဆဲမှကို ငြိမ်သွားတော့မှာပဲ။ ဘယ်ကိစ္စနေနေ ဒီနိုင်ငံမှာက ဒီကလင်ဒါအတိုင်းပဲ လာတာ..

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page